PDFစခန်းကို ဗုံးကြဲရှင်းလင်းတာကြောင့် ဖမ်းဆီးခံထားရသူ ၄၀ ကျော်လွတ်မြောက်လာဟုဆို

(ပြည်တွင်း) အောက်တိုဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သံတိုက်ကျေးရွာက အကြမ်းဖက် PDF စခန်းကို လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဖမ်းဆီခံထားရသူတွေပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

တကူကျေးရွာအုပ်စု သံတိုက်ကျေးရွာက မီးသတ်စခန်းကို PDF အကြမ်းဖက်တွေက စခန်းအဖြစ်အသုံးပြုကာ အပစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာ အဓမ္မပြုကျင့်တာတွေကြောင့် အောက်တိုဘာ ၁၀ ရက်နေ့ မနက် ၉ နာရီခွဲက ဗုံးကြဲတိုက်ခိုက်တာလို့ သတင်းအရင်းအမြစ်ကပြောပါတယ်။

ခုလို စခန်းကို ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် PDF အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၄ဦးဒဏ်ရာရရှိခဲ့သလို ဒဏ်ရာပြင်းထန်သူ ၅ ဦးကိုတော့ ထိုင်းနိုင်ငံဖက်ကို နယ်စပ်လမ်းကနေ သယ်ယူသွားတယ်လို့ သတင်းအရင်းအမြစ်ကဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့်ပဲ PDF တွေ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၄၂ ဦး လွတ်မြောက်လာတယ်လို့လည်းသိရပြီး လွတ်မြောက်လာသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို လုံခြုံရေးအရ မပြောလိုဘူးလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

မီးသတ်စခန်းကို စခန်းအဖြစ်ပြုလုပ်ထားတာကြောင့် ဖြိုခွင်းခံရတဲ့ PDF အကြမ်းဖက်တွေဟာ ခုချိန်မှာတော့ အဲဒီနေရာကနေ အ.မ.ကသံတိုက်ကျောင်းကိုပြောင်းရွှေ့ကာ အခြေပြုနေတယ်လို့ သတင်းအရင်းအမြစ်ကပြောဆိုထားပါတယ်။