U9 လိုင်းပြတ်လို့ တောင်းပန်ထား

(ပြည်တွင်း) အောက်တိုဘာ ၁၂

ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ U9 က နည်းပညာပိုင်းဆိုင်ရာ ကွန်ရက်ပြတ်တောက်မှု ဒီနေ့ မနက်ပိုင်းမှာ ကွန်ယက်ပြတ်တောက်ခဲ့တာကြောင့် သုံးစွဲသူတွေကို တောင်းပန်ထားပါတယ်။

” မမျှော်လင့်ဘဲ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတစ်ရပ်ကြောင့် U9 သုံးစွဲသူတွေရဲ့ ဝန်ဆောင်မှု​တွေကို ထိခိုက်စေတဲ့ ကွန်ရက်ပြတ်တောက်မှုတစ်ခု ဖြစ်ပွားနေပြီး ယခုလို အဆင်မပြေမှုတွေအတွက် စိတ်ရင်းမှန်နဲ့ အနူးအညွတ် တောင်းပန်တယ်လို့ U9 ကပြောပါတယ်။

ကျွန်ုပ်တို့ရဲ့ နည်းပညာအဖွဲ့တွေဟာ အဓိကပြဿနာရဲ့ ရင်းမြစ်ကို ဖော်ထုတ်ဖို့နဲ့ ဝန်ဆောင်မှု​တွေကို အမြန်ဆုံး ပြန်လည်ရရှိစေဖို့အတွက် အရေးပေါ်အခြေအနေအဖြစ် အမြင့်ဆုံးဦးစားပေးအနေနဲ့ အပြင်းအထန် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ယခုလို ဆောင်ရွက်နေချိန်မှာ စိတ်ရှည်သည်းခံစွာ နားလည်ပေးတဲ့အတွက် ကျေးဇူးအထူးတင်တယ်လို့ U9 ကပြောပါတယ်။

#PAN