(ပြည်တွင်း) အောက်တိုဘာ ၁၂
ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှာပါဝင်တဲ့ သက်ဆိုင်ရာတာဝန်ခံဥပဒေအရာရှိတွေဟာ တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်များကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေမှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ တာဝန်ခံဥပဒေအရာရှိတွေ အနေနဲ့ ဥပဒေအရပေးအပ်တဲ့ တာဝန်တွေ ကျေပွန်အောင်ဆောင်ရွက်ကြဖို့ မှာကြားခဲ့တာ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၁ ရက် မနက်ပိုင်းက တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိတွေကို ဥပဒေရေးရာဝန်ကြီးဌာနမှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမှာဖြစ်လို့ ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများအနေနဲ့ အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ လွှတ်တော်သုံးရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေတွေကို ကျေညက်စွာလေ့လာထားဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။

ဥပဒေရုံးအဆင့်ဆင့်က ဥပဒေ အရာရှိတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနဲ့ ဥပဒေအကြံပြုချက်တောင်းခံတဲ့အမှုတွေကို ဥပဒေအကြံပြုပြန်ကြားရာမှာသက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွေကို ပြည့်စုံစွာကိုးကားပြီး အကြံပြုပြန်ကြားဖို့ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
#PAN