(အားကစား) အောက်တိုဘာ ၁၁
အာဆင်နယ်အသင်းက အသင်းအိမ်ကွင်းဖြစ်သည့် အမ်းမရိတ်အားကစားကွင်းကို ပြုပြင်နေတဲ့ကာလအတွင်း အသင်းအိမ်ကွင်းပွဲစဉ်များကို ဝင်ဘာလေအားကစားကွင်းမှာ ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းကအသင်းအိမ်ကွင်း တိုးချဲ့မည့်စီမံကိန်းကို မကြာမီ စတင်လုပ်ဆောင်မှာဖြစ်လို့ အသင်းအိမ်ကွင်းပွဲစဉ်များကို လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းမှာ ပြောင်းလဲကျင်းပသွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အမ်းမရိတ်အားကစားကွင်းကို ၂၀၀၆ ခုနှစ်က စတင်အသုံးပြုခဲ့ပြီး ပရိသတ်ဦးရေ ၆၀,၇၀၄ ဦးသာ ဝင်ဆံ့တဲ့အတွက် ပရိသတ်ဦးရေ ၇၀,၀၀၀ ကျော်ဝင်ဆံ့တဲ့ အားကစားကွင်းအဖြစ် တိုးချဲ့သွားမယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းရဲ့ ကွင်းတိုးချဲ့သည့်စီမံကိန်း ပြီးစီးပါက လန်ဒန်မြို့ခံ ကလပ်အသင်းများဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ စပါးအသင်းတို့ကို ကျော်ဖြတ်ပြီး အကြီးဆုံးအားကစားကွင်း ဖြစ်လာမယ်လို့သိရပါတယ်။
