
(ဆောင်းပါးကဏ္ဍ) အောက်တိုဘာ ၁၁
နေဇင်လတ်
ကံကြမ္မာဇာတ်ညွှန်းကသိပ်မကောင်းလှပါ။ ၂၀၂၆ ဟာ ကမ္ဘာကြီးအတွက် အတော့်ကို သတိ ထားရမယ့်နှစ်ဖြစ်လာနိုင်တယ်။ အငွေ့အသက်ထက်ပိုတဲ့ ထင်ရှားတဲ့ လက္ခဏာတချို့ ပြလာပါပြီ။ ပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်းကြီးဖြစ်လာဖို့ အစပျိုး Brewing ဖြစ်လာတာတွေ တွေ့ရပြီး တဖြည်းဖြည်းနဲ့ ပိုအားကောင်းလာပြီး လာမယ့်နှစ်မှာ အင်အားပြည့်တဲ့ ဟာရီကိန်းတွေဖြစ်လာမယ်လို့မှန်းဆရတယ်။
ပိုဆိုးသွားတာက ဟာရီကိန်းအဆင့်ငါးဟာ တစ်ခုတည်း မဟုတ်ပဲ၊ သုံးခုလောက်ရှေ့နောက်ခြားပြီးဆင့်ကဲ တိုက်ခတ်လာမယ့်သဘောရှိတယ်။ မီဂါမုန် တိုင်းတွေတစ်ခုနဲ့တစ်ခုအားပြုပြီးပိုပြင်းထန်မယ့်သဘောရှိတယ်။ Black Hole သုံးခုပေါင်းပြီး အလွန် တရာစွမ်းအားကြီးတဲ့တွင်းနက်ကြီးနဲ့ ကမ္ဘာကြီးကို ပျက်စီးစေမှာ စိုးရိမ်နေရပါပြီ။
(၁) ရုရှား – နေတိုးစစ်
(၂) အမေရိကန်ရဲ့စီးပွားရေးစစ်
(၃) ဘာသာရေးစစ်
အငွေ့အသက်ထက်ပိုပြီး Symptom တွေပြနေကြတဲ့ အဆင့်ကို တွေ့လာရလို့စိုးရိမ်ရပါတယ်။ ပေးထားချက်တွေကလည်း နောက်ဆုတ်ဖို့ခက်ခဲပြီး အခြေအနေတွေက တွန်းပို့နေသလိုဖြစ်နေတာတွေ့ရတယ်။
ရုရှား-နေတိုးစစ်မှ တတိယကမ္ဘာစစ်သို့
ယူကရိမ်းစစ်ကရှေ့တိုးခက်၊နောက်ဆုတ်ခက်အခြေ အနေဖြစ်သွားခဲ့ပြီ။ စစ်အသာစီးရထားသူ ရုရှားကလည်း ပေးထားတဲ့အခွင့်အရေးကိုတစ် သက်တစ်ခါရတဲ့အခွင့်အရေးမျိုးအဖြစ်ရှုမြင်ပြီး အသုံးချချင်တယ်။ NATO ကလည်း ယူကရိမ်းစစ်ရပ်လိုက်ရင် သူတို့ဘက်စစ်ဦးလှည့်လာမှာစိုးကြောက်နေတယ်။ ဂျာမနီပြောခဲ့တာက ထင်ရှားနေတယ်။
“ယူကရိမ်းစစ်ကို ဒီနေ့ရပ်ချင်ရင်ရတယ်။ ယူကရိမ်းက ရုရှားကောင်းတာပေးပြီးဒူးထောက်လိုက်ရုံပဲ။ ဒါပေမယ့် ယူကရိမ်းစစ် ဒီနေ့ပြီးပေမယ့်နောက်နေ့မှာ NATO ကို ရုရှားက တိုက်ခိုက်လာလိမ့်မယ်”
ဖြစ်စဉ်ကို မြင်ကွင်းတစ်ခုတည်းဖြတ်ကြည့်ရင် ဂျာမနီပြောတာမှန်တယ်။ဒါပေမယ့် ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ကြည့်ရင်မမှန်ပြန်ဘူး။ ယူကရိမ်းကို NATO ထဲ အတင်းထည့်ပြီး ရုရှားကိုခြိမ်းခြောက်ဖို့လုပ်ခဲ့တာက စတင်ခဲ့တာ။အလောင်းအစားကြီးတယ်။ ရုရှားဘက်က စစ်ရေးနိမ့်သွားရင် ရုရှားကြီး ပြိုကွဲနိုင်သလို ပူတင်လည်း ထွက်ပြေးရမယ့်အပေါက်၊ ဒီတော့ ရုရှားစစ်ရေး အသာစီးရတုန်းရနိုင်သမျှ နယ်မြေချဲ့ထွင်တာက ရုရှားအတွက် အခွင့်အရေးတစ်ရပ်ပဲ။
ယူကရိမ်းစစ်က သုံးနှစ်ကျော်ကြာသွားခဲ့ပြီ။ အမေရိကန်ရော၊ NATO ရောငွေလည်းကုန်လှပြီ။ ယူကရိမ်း စစ်စရိတ်က နေ့စဉ် $ 173 Million ကုန်ကျနေတဲ့အတွက် တစ်နှစ်ကို စစ်စရိတ် 5 63 Billion လောက် ကုန်ကျနေရတယ်။ ဒါကြောင့် ထရမ်ကယူကရိမ်းစစ်က နုတ်ထွက်လိုပြီး NATO ကစစ်ကိုပြီးစေချင်ပေမယ့် သူတို့ဘက်စစ်ဦးလှည့်လာမှာစိုးလို့ စစ်ကိုရပ်ပစ်ဖို့လည်း ဝန်လေးနေကြပြန်ပါတယ်။ အမှန်ကတော့ ရုရှားက “ကျားနာ” ဖြစ်သွားခဲ့ပါပြီ။
ယူကရိမ်းက ရုရှားကို ရေနံချက်စက်ရုံပေါင်း ၁၃ ခုကိုတိုက်ခိုက်ခဲ့တယ်။ အတော်လေးပျက်စီးသွားတယ်။ ရုရှားရေနံထုတ်လုပ်မှုရာခိုင်နှုန်း ၂၀ ကို ထိခိုက်စေခဲ့တယ်လို့ဆိုတယ်။ နောက်ပိုင်း စစ်ရေးပစ်မှတ်ထက် စီးပွားရေးပစ်မှတ်၊ အရပ်သားပစ်မှတ်တွေကိုပါ တိုက် ခိုက်လာတာတွေ့ရတယ်။ ရုရှားကလည်း မြို့တော်ကိယက်ကို မစ်ဇိုင်း၊ ဒရုန်း ၇၄ဝကျော်သုံးပြီး အပြင်း အထန် တိုက်ခိုက်ပြတယ်။ NATO နဲ့ EU အဆောက်အဦကိုပါ ထိခိုက်အောင်တိုက်ခိုက်ခဲ့တာမျိုးပါ။
ပိုလန်ဘက်ကို ရုရှားက ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပြီး စမ်းသပ်ခဲ့တာတွေ့ရတယ်။ ပထမတစ်ကြိမ်က ပိုလန်နယ်စပ်ကို ဒရုန်းသုံးစင်းလောက်နဲ့ ပစ်ပြပြီး ဒုတိယတစ်ကြိမ်မှာတော့ ဒရုန်းအုပ်စုလိုက် သုံးသွားတယ်။ NATO ခေါင်းဆောင် Mark Rutte ပြောတာကတော့ “အရေအတွက်များပြားတဲ့ဒရုန်းတွေနဲ့ ပိုလန်ကိုတိုက်ခိုက်ခဲ့တယ်” လို့ဆိုတယ်။ ရုရှားဒရုန်းခုနစ်စီး၊ တချို့သတင်းတွေမှာ ၁၉ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ဆိုတယ်။
ယူကရိမ်းစစ်ရပ်စဲရေးက တောင်စဉ်ရေမရဖြစ်နေပြီး ပိုလန်အထိစစ်လျှံလာတာတွေ့ရတယ်။NATO လေတပ်က ပိုလန်ကို ချက်ချင်းရောက် လာပါတော့တယ်။ ပိုလန်ခေါင်းဆောင်ကလည်း NATO တပ်တွေနဲ့ လက်နက်တွေကို ပိုလန်နယ်မြေထဲမှာ ဖြန့်ကြက်ခွင့်ပြုလိုက်ပြီးနယ်စပ်တွေမှာလည်းတပ်ကြက်မှုတွေကိုချက်ချင်းလုပ်ဆောင်လိုက်တယ်။
ရုရှားဘက်က NATOနိုင်ငံတွေကို ပတ်လည်လက် လှမ်းမီနိုင်တဲ့ Kaliningradမှာ Isknder လို ဟိုက်ပါဆောနစ်မစ်ဇိုင်းတွေကို ဖြန့်ကြက်လိုက်တာတွေ့ရလို့ ယူကရိမ်းစစ်ဟာ ရပ်တန့်သွားဖို့ထက် စစ်နယ်ဝန်းပိုမကျယ်လာအောင်တောင်ထိန်းသိမ်းဖို့ခက်ခဲလာတာတွေ့ရတယ်။ ထောက် လှမ်းရေးသတင်းတွေအရ ရုရှားက စစ်သည်ငါးသန်းကို စုဆောင်းထားပြီး NATOနဲ့ရင်ဆိုင်ဖို့ War Game Plun ဆွဲထားပြီး ဖြစ်တယ်လို့ သတင်းတချို့ တက်လာပါတယ်။
နှစ်ဖက်လုံးက စစ်ဘက်ပစ်မှတ်ထက် လွန်ပြီး အရပ်ဘက်ပစ်မှတ်တွေနဲ့ စီးပွားရေးပစ်မှတ်တွေကိုတိုက် ခိုက်လာတာဟာ စစ်ကို ပိုမိုကျယ်ပြန့်စေမယ့်သဘောကို ဆောင်လာပါတယ်။ နောက်တစ်ခုက NATOဟာ အမေရိကန်ကို မယုံကြည်တော့ပဲ ရုရှားက NATOကို တိုက်ရိုက်တိုက်လာမှာ စိုးရိမ်စိတ်ရှိနေတဲ့အချက် ဖြစ်ပါတယ်။
ပိုလန်ဟာ ယူကရိမ်းစစ်အတွက် ယူကရိမ်းကို ထောက်ပံ့ပေးတဲ့ အဓိက “ထောက်ပို့” လမ်း ကြောင်းဖြစ်တယ်။ စစ်လက်နက်တွေကို ပိုလန်ထဲမှာ စုပုံထားတယ်။ အဲ့ဒီနေရာကို ရုရှားဒရုန်းတွေက ဝင်ရောက်တိုက်ခိုက်သွားတဲ့အတွက် NAIO က ပိုလန်မှာစစ် ဖြန့်ကြက်လိုက်တာ တွေ့ရတယ်။
ရုရှားရေနံချက်စက်ရုံတွေကို ယူကရိမ်းက အထိနာအောင်တိုက်ခိုက်ခဲ့တဲ့အတွက် “ယူကရိမ်းစစ်အပစ်ရပ်ရေးအတွက်” ဇလန်စကီးနဲ့ ပူတင်တို့ တွေ့ဆုံမယ့် အစီအစဉ်ကို ပူတင်ဘက်က ရပ်ဆိုင်းပစ်လိုက်တယ်လို့ကြေညာတယ်။ ပိုလန်မှာ NATO က တပ်ဖြန့်ပြီး အသင့်အနေအထားရယူလိုက်တဲ့အတွက် ရုရှားဘက်က NATO နဲ့ ရုရှားစစ်ဖြစ်ပြီလို့ သဘောထားခဲ့လိုက်တာတွေဟာ ၂၀၂၆ မှာ တတိယကမ္ဘာစစ်ဖြစ်ဖို့ တွန်းပို့နေသလို ဖြစ်လာပါတယ်။
ကျယ်ပြန့်လာတဲ့စစ်မီးကို ကန့်သတ်လာဖို့တောင် ခက်ခဲလာတာတွေ့ရ ပိုလန်ဟာ ယူကရိမ်းစစ်အတွက် ယူကရိမ်းကို ထောက်ပံ့ပေးတဲ့ အဓိက “ထောက်ပို့” လမ်းကြောင်းဖြစ်တယ်။စစ်လက်နက်တွေကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီအပြင် ဗင်နီဇွဲလား စစ်ရေးကိစ္စကလည်း ရှိလာပြန်ပါသေးတယ်။ အစ္စရေး-အီရန်စစ်ကလဲ ၂၀၂၅ ထဲမှာ နောက်တစ်ပွဲ ကျန်နေပြန်ပါသေးတယ်။
ထိုင်ဝမ်ရေလက်ကြားကို အမေရိကန် စစ်သင်္ဘောတစ်စီးနဲ့ ယူကေစစ်သင်္ဘောတစ်စီးဖြတ်မောင်းလာတယ်။ တရုတ်ကအပြင်းအထန်ကန့်ကွက်လိုက်တယ်။ ထိုင်ဝမ်ကို ၂၀၂၇ မှာ တရုတ်က တိုက်ခိုက်သိမ်းပိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်။ ထိုင်ဝမ်ဟာ တရုတ်အတွက် စီးပွားရေး၊ စစ်ရေးအရအရေးကြီးသလို၊ အမေရိကန်အတွက်လည်း စစ်ရေး၊ တရုတ်ထိန်းချုပ်ရေး၊ စီးပွားရေးအရလည်းအရေးကြီးနေပါတယ်။ Power Shift တစ်ခုအတွက် GameChangers တွေထဲကအရေးကြီးတဲ့ Changerတစ်ဖြစ်ပါတယ်။
ခြုံငုံကြည့်လိုက်မယ်ဆိုရင် WW – 3 ကို ကူးစက်သွားနိုင်တဲ့ Russia NATO ထိပ်တိုက်တွေ့မှု မတားဆီးနိုင်လောက်အောင်ဖြစ်လာတာရယ်၊ အခြားစစ်ရေး Flash Point တွေပိုမိုပြင်းထန်လာတာတွေရယ်က စစ်ကြီးတစ်ခုလုံးကို အားလုံးက ဦးတည်တွန်းပို့နေတာတွေ့ရပါလိမ့်မယ်။
အမေရိကန်ရဲ့စီးပွားရေးစစ်

အမေရိကန်ရဲ့ လောဘ၊ ကမ္ဘာ့နံပါတ်တစ်က အရာမလျော့ချင်တာ၊ လောဘတွေက စီးပွားရေးစစ်ကိုတွန်းပို့နေတာတွေ့ရတယ်။ “မိတ်ဆွေ- ရန်သူ” မခွဲခြားပဲ Tariffတွေမြှင့်လိုက် တဲ့ ထရမ့်ရဲ့ မူဝါဒအသစ်က မဟာမိတ်တွေကိုတောင် အယုံအကြည်မဲ့သွားစေပြီး တစ်ကမ္ဘာလုံးကိုဆူနာမီတိုက်ခိုက်သွားစေခဲ့တယ်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ပြီး အမေရိကန်နဲ့နိုင်ငံရေးစနစ်တူတဲ့ အိန္ဒိယကိုလည်း ရုရှားက ရေနံ ဝယ်ယူလို့ဆိုပြီး ရာခိုင်နှုန်း ၅၀ Tariff ချခဲ့လို့ အိန္ဒိယက ရုရှား၊ တရုတ်တို့ဘက် လုံးဝယိမ်းပြလိုက်တာတွေ့ရတယ်။
ရုရှားစစ်အင်အားတောင့်တင်းတာဟာ ရေနံဝယ်ယူပေးနေကြလို့ဆိုပြီး ရုရှားဆီက ရေနံဝယ်တဲ့ နိုင်ငံတွေကို Additional Tarif125 % အမေရိကန် ထပ်ဆောင်းကောက်ခံပါတယ်။ ယူကရိမ်းစစ်ရပ်နိုင်ဖို့အတွက် အနောက်အုပ်စုကို အမေရိကန်က ရုရှားဆီက ရေနံလုံးဝမဝယ်ယူတော့ဖို့ တွန်းအားပေးထားတယ်။ ယူကရိမ်းစစ်မှာ ရုရှားကိုစစ်ရပ်ရေး ဆက်လက်ရှောင်ရှားနေမယ်ဆိုရင် အလွန်ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှ အသစ်ချမှတ်မယ်လို့ အမေရိကန်က ကြိမ်းထားတယ်။ အနောက်အုပ်စုက အမေရိကန်ကို Heavy Sanction ချမှတ်ဖို့တွန်းကြတယ်။ Sanction ဆိုတာ အချမှတ်ခံရသူဘက်ကသာ ထိခိုက်တာမဟုတ်ပါဘူး။ ချမှတ်သူဘက်လဲ ထိခိုက်ရတာသဘာဝပါ။ ထရမ့်က ဘယ်လိုတုံ့ပြန်လိုက်သလဲဆိုရင် –
“မင်းတို့အားလုံး ရုရှားဆီက ရေနံရာခိုင်နှုန်း ၁ဝဝ မဝယ်နဲ့တော့။ သေချာပြီဆိုရင် ငါ့ကိုလာပြော၊ အဲ့ဒီကျရင် Sanction လုပ်ပေးမယ်”
ရုရှားကို Sanction လုပ်ရင် အမေရိကန်စီးပွားရေးလည်း အထိုက်အလျောက်ထိခိုက်ပါတယ်။အနောက် အုပ်စုကလည်း ရုရှားဆီက ရေနံမဝယ်ရင် သူတို့စီးပွားရေးတွေ ထိခိုက်ကုန်မှာဖြစ်လို့ ရေနံမဝယ်လို့လည်း မရပြန်ပါဘူး။ လောလော ဆယ်မှာ အိန္ဒိယက ရုရှားဆီက ရေနံဝယ်တယ်၊ ပြန်ချက်တယ်၊ ပြီးတော့အနောက်အုပ်စုကို ရောင်းပြန်ရောင်းပါတယ်။
ရုရှားစစ်ရေးအင်အားကြီးနေတာက ရေနံကဖြစ်လာတဲ့ စီးပွားရေးကြောင့်ဖြစ်လို့ ထရမ့်က ရုရှားကိုလည်းစီးပွားရေး စစ်မျက်နှာစာဖွင့်ထားပါတယ်။ယူကရိမ်းစစ်ကို ရုရှားဆက်တိုက်နေနိုင်တာဟာ ရေနံနဲ့ဓာတ်ငွေ့ ကရနေတဲ့ အမြတ်အစွန်းတွေကြောင့် ဖြစ်ပါတယ်။
တရုတ်ဘက်မျက်နှာစာကို ကြည့်ရင် တရုတ်စီးပွားရေးအင်အားက အရှိန်ကောင်းကောင်းနဲ့တိုးတက်နေတုန်းတွေ့ရတယ်။ ၂ဝ၃ဝ မှာ ကမ္ဘာ့ထုတ်ကုန် စုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းကို တရုတ်တစ်နိုင်ငံတည်းက ထုတ်လုပ်တော့မှာပါ။ အမေရိကန်ကဏ္ဍက ၁၁ ရာခိုင်နှုန်းအထိလျော့ကျသွားပါမယ်။ ဒီတော့ တရုတ်ကို အမေရိကန်က စီးပွားရေးစစ်မဖြစ်မနေ ဆင်နွှဲရပါတော့မယ်။ လောလောဆယ်ကုန်သွယ်စစ်နဲ့ နိဒါန်းပျိုးထားပြီး Tariff နဲ့စပြီး စစ်ကို အစပျိုးထားတာ တွေ့ရတယ်။
တရုတ်ကမြေရှားသတ္တု အပါအဝင် နိုင်ငံထွက်တချို့နဲ့ပြန်ကိုင်ထားနိုင်တာတွေ့ရတယ်။ ကျန်တဲ့နိုင်ငံတွေအားလုံးကို Tariff အပြီးအပြတ်သတ်မှတ်ပေး လိုက်နိုင်ပြီဖြစ်ပေမယ့် တရုတ်နဲ့ ဆက် လက်ဆွေးနွေးဆဲပါ။ ရက် ၉ဝ နှစ်ကြိမ်တရုတ်ကို ပေးခဲ့ရတယ်။ အပေါ်စီးကပြတ်ပြတ်သားသားဆောင်ရွက်လို့မရတဲ့အနေအထားမှန်း သိသာလှပါတယ်။ အလွန်ထင်ရှားတဲ့ အချက်တစ်ခုက တရုတ်ကျောင်းသားတွေ အမေရိကန်မှာ ပညာ သင်ခွင့်ကို ပိတ်ပင်လိုက်ရာကနေ တရုတ်ကျောင်းသား ၆၀၀,၀၀၀ ကို ပညာသင်ခွင့်ပြန်ပြုလိုက်ရတဲ့အချက်ကို ကြည့်ရင် တရုတ်နဲ့ ဆက် တိုက်တွေ့မှုမှာ အမေရိကန်ဘက်က ပြတ်ပြတ်သားသားအသာစီးမရသေးတာလို့ ခန့်မှန်းလို့ ရနိုင်ပါလိမ့်မယ်။
ထရမ့်လက်ထက်မှာ အမေရိကန်ရဲ့ National Interest ကအတော်ပြင်းထန်ပုံရတယ်။ ကျောသားရင်သားမခွဲခြားပဲ မိမိအကျိုးစီးပွားသာအဓိကပုံစံဖြစ်နေလို့ မဟာမိတ်တွေတောင်မှ ထရမ့်အပေါ်ယုံကြည်မှု “ပျောက်” ကုန်တဲ့အဆင့်ဖြစ်လာတယ်။
ကုန်သွယ်ခွန် တိုးမြှင့်လိုက်တဲ့အတွက် အခွန်ငွေတိုးတက်ရလာတာ မှန်ပေမယ့် ပြည်တွင်းမှာဈေးကြီးကုန်တယ်။ အမေရိကန် ထုတ်ကုန်တွေကိုလည်း အခြားနိုင်ငံတွေက အခွန်တိုးလိုက်တဲ့အတွက် အမေရိကန်ပစ္စည်းတွေကိုဝယ်ယူမှုနည်းပါးသွားကြတယ်။
– ၄၆ရာခိုင်နှုန်းအရုပ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရက်သတ္တပတ်အနည်းငယ်မှာ ပိတ်သိမ်းကြရတော့မယ်။
– ရာခိုင်နှုန်း ၄ဝ ကုန်တင် သင်္ဘောတွေ အမေရိကန် က ပစ္စည်းမပါပဲ ထွက်ခွာကြရတယ်။ (အမေရိကန်ပစ္စည်းတွေကို မဝယ်တော့တာ)
– အမေရိကန်ပို့ကုန် ၁၈ ရာခိုင်နှုန်းကျဆင်းသွားတယ်။
– ခရီးသွားလုပ်ငန်းရာခိုင်နှုန်း ၂၀ ကျဆင်းမျက်နှာစာတိုင်းမှာ ကျဆင်းသွားခဲ့တာတွေ့ရတယ်။ ဒီကုန်သွယ်စစ်ဟာ ရပ်ဦးမှာမဟုတ်ဘဲ စီးပွားရေးစစ်ဘက် ကူးလာပြီး ၂၀၂၆ မှာ ပိုပြင်းထန်လာမယ့်သဘောရှိနေပါပြီ။
ဘာသာရေးစစ်

ဒီစစ်က အခါးသီးဆုံးဖြစ်လာပါလိမ့်မယ်။ Qatar ကို အစ္စရေးက တိုက်ခိုက်လိုက်တဲ့ဖြစ်ရပ်အလွန်မှာ အမေရိကန်ဟာ Qatar ကိုသစ္စာဖောက်လိုက်တယ်လို့ ယူဆပြီး အာရပ်ကမ္ဘာကြီးက အမေရိကန်နဲ့ အစ္စရေးကိုမယုံကြည်တော့ပါဘူး။ အာရပ်ကမ္ဘာကြီး စုစည်းမိပြီး ကျောချင်းကပ်သွားခဲ့ကြပါပြီ။ ဆွန်နီ – ရှီအိုက်မကွဲပြားကြတော့ပဲ အီရန်တောင်မှ မွတ်စလင်ကမ္ဘာထဲ ကျန်နိုင်ငံတွေနဲ့ ပူးပေါင်းလာတာတွေ့ရတယ်။
အီရတ်ဝန်ကြီးချုပ်က –
“မွတ်စလင်ကမ္ဘာကြီးကို NATO လိုပဲ လုံခြုံရေးစနစ်တစ်ခုတည်ဆောက်သင့်တယ်” လို့ဆော်သြလိုက်ပြီး ကူဝိတ်ကလည်း ထောက်ခံလိုက်တယ်။ NATO Article – 5 မှာ ပြဋ္ဌာန်းထားတာက NATO အဖွဲ့ဝင်နိုင်ငံတစ်ခုခုကို အခြားနိုင်ငံတစ်ခုခုက ထိပါးလာရင် ကျန်နိုင်ငံတွေကဝင်ပြီးတိုက်ခိုက်ပေးရမယ်ဆိုတာပါဝင်တယ်။ အီရတ်ဆိုလိုချင်တာကလဲ ဒါမျိုးပါပဲ။ နောင်မှာ ကာတာကို နိုင်ငံတစ်ခုခုက အခုလိုနိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီးဝင်တိုက်မယ်ဆိုရင်ကျန် အစ္စလာမ်ကမ္ဘာကြီးကဝိုင်းပြီး တုံ့ပြန်ဖို့ဖြစ်ပါတယ်။
ကာတာမှာ အမေရိကန်စစ် အခြေစိုက်စခန်းရှိထားတယ်။ အရှေ့အလယ်ပိုင်းထဲက အမေရိကန်စစ်စခန်းတွေ ကြားထဲမှာ ကာတာမှာရှိတဲ့ စခန်းက အကြီးဆုံးပါ။ အစ္စရေးဝင်တိုက်တာကို အမေရိကန် စစ်အခြေ စိုက်စခန်းက မသိလိုက်ဘူးဆိုတာကို ကာတာ လုံးဝလက်မခံခဲ့ပါဘူး။ ဒါဟာ ကာတာအပေါ် အမေရိကန်သစ္စာဖောက်လိုက်တာပဲလို့ ပြောလိုက်ပါတယ်။ ချက်ချင်းပဲ ဟူသီသူပုန်တွေကို ကာတာက $ 500 Million ထောက်ပံ့လိုက်တယ်။ အကြမ်းဖက်တွေ အင်အားပိုမိုတောင့်တင်းလာဦးမယ့်သဘောဖြစ်ပါတယ်။ ရေနံထွက်နိုင်ငံတွေအားလုံး အသီးသီးအကြမ်းဖက်တွေကို ကိုယ်စီ ပိုပြီးထောက်ပံ့လာကြတော့မှာဖြစ်ပါတယ်။ အစ္စရေးနဲ့အမေရိကန်တို့ ပိုပြီး ခေါင်းခြောက်ကြရပါလိမ့်မယ်။
ကာတာရဲ့ဒိုဟာမှာရှိနေတဲ့ ဟားမက် ခေါင်းဆောင်တွေကို အစ္စရေးက လေကြောင်းနဲ့တိုက်ခိုက်ရာမှာ ထိပ်စည်းတွေ လွတ်မြောက်သွားခဲ့တယ်။ အစ္စရေးကထပ်ပြီး ဆက်တိုက်မယ်လို့ ပြောတယ်။ အစ္စလာမ်ကမ္ဘာကြီးတစ်ခု စုစည်းမိသွားကြပြီ။ အစ္စရေးဒုတိယအကြိမ်တိုက်ရင် ဘယ်လိုတုံ့ပြန်ကြမလဲ။
ကမ္ဘာမှာ Crusade War ဆိုတဲ့ ဘာသာရေးစစ်ပွဲဖြစ်ခဲ့တာ ရှစ်ကြိမ်ရှိပါပြီ။ ခရစ်ယာန်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား ဖြစ်သွားတဲ့စစ်ပွဲဖြစ်ပါတယ်။ ၁ဝ၉၅ ခုနှစ်ကတည်းက စဖြစ်ခဲ့တဲ့ ခရူးဆိတ်စစ်ပွဲဟာ စစ်ပွဲရှစ်ခု အတွင်း နှစ်ပေါင်းရာချီကြာမြင့်ခဲ့တယ်။ စစ်ဖြစ်လိုက် – ရပ်လိုက်၊ နောက်တစ်ကြိမ်စစ်ဖြစ်လိုက်- ရပ်လိုက်နဲ့ ကြိုကြားကြိုကြားဖြစ်ခဲ့တဲ့စစ်ပါ။ ခေတ်သစ်မှာတော့ မွတ်စလင်ကမ္ဘာကြီးဟာ ရေနံထွက်ပြီးချမ်းသာလာခဲ့ကြပြီ။ ထိုက်သင့်တဲ့ လက်နက်တွေလည်းပိုင်ဆိုင်လာခဲ့ကြပါပြီ။ ဒါပေမဲ့လည်း အနောက် အုပ်စုရဲ့ လက်နက်တွေကိုတော့ မမီသေးပါဘူး။ ရေနံကိုလက်နက်တစ်ခုအဖြစ် အသုံးပြုလို့ရတဲ့အခြေအနေကိုတော့ ရောက်သွားခဲ့ပါပြီ။
ယူကေမှာ မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအကြီးအကျယ်လုပ်နေသလို၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီမှာလည်း အစ္စလာမ် ဆန့်ကျင်ရေး၊ နေရပ်ပြန်ပို့ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ်လုပ်နေတာ ဒီရက်ပိုင်းတွေမှာ နေ့စဉ်သတင်းတွေတက်နေပါတယ်။ မီးလောင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ သဘောပါ။ အဲ့ဒီအချိန်မှာ ကာတာ ဖြစ်စဉ်ဖြစ်ခဲ့လိုက်တာဟာ အချိန်ကိုက်သဘော ဖြစ်လာပါတယ်။ Harnas အကြမ်းဖက် ခေါင်းဆောင်တွေက ကာတာမှာဆက်ရှိနေပါဦးမယ်။ အစ္စရေးကလည်း ထပ်တိုက်မယ်လို့ကြိမ်းဝါးထားပါတယ်။ ထရမ့်ကလည်း သူ့နိုင်ငံထဲမှာ မွတ်စလင်တွေက ပြဿနာ အပေးဆုံးသူတွေ ဖြစ်တယ်လို့ဆိုပြီးတရားမဝင် ရွှေ့ ပြောင်းလာသူတွေကိုအကြီးအကျယ် ဖမ်းဆီးနေပြန်တာတွေ့ရတယ်။
ကူဝိတ်က အစ္စရေးPassportတွေကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တယ်။ ပြည်တွင်းမှာ အစ္စရေး PP ကိုင်ထားသူတွေကို ဖမ်းဆီးထောင်ချမယ်လို့ကြေညာလိုက်တယ်။ အရာရာက လှုံ့ဆော်မှုတွေကို တစ်ထောင့်တစ်နေရာက ပေးလာတဲ့ သဘောဖြစ်ပါတယ်။ Bush လက်ထက် ၂၀၀၁ က အရှေ့အလယ်ပိုင်းကို စစ်မီးရှို့ခဲ့ကတည်းက အစ္စလာမ်ကမ္ဘာကြီးက မကျေနပ်ခဲ့ပါဘူး။ Qatar ဖြစ်စဉ်မှာ ပေါက်ကွဲထွက်လာတဲ့သဘောပါ။ ဖြစ်စဉ်တွေအားလုံးက Crusade War ဆိုတဲ့ ဘာသာရေးစစ်တစ်ခုဆီကို ဦးတည်နေပြီး အခြေအနေတွေက တွန်းပို့ပေးနေသလို မီးရှိန်မြင့်လာတာကို တွေ့ရပါတယ်။
၂၀၂၅ ခုနှစ်ဟာ စစ်ကြီးသုံးမျိုး စတင်သန္ဓေ တည် ရာနှစ်လို့မြင်ပြီး သန္ဓေရင့်မွေးဖွားလာနိုင်ဖွယ်ရာရှိတဲ့အချိန်ကတော့ ၂၀၂၆လို့ ခန့်မှန်းရပါတယ်။ ဒီတစ်ခါ ကမ္ဘာကြီးရင်ဆိုင်ရမှာက စစ်တစ်ခုတည်းမဟုတ်ပါဘူး။ အသွင်မတူတဲ့ စစ်ကြီးသုံးမျိုးကို မရှေးမနှောင်းရင်ဆိုင်ရဖွယ်ရှိနေပြီလို့ ယူဆရပါတယ်။
#PAN