ပွဲစားကြီး ကားရေဆေးဆီလိုက်ဆိုင်တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

(မှုခင်း)အောက်တိုဘာ ၁၀

မန္တလေးတိုင်းဒေသကြီး ၊မဟာအောင်မြေမြို့ နယ်၊ရဲမွန်တောင်ရပ်ကွက်၊၅၉ လမ်း ၊၃၉-D လမ်းထောင့်ရှိ ပွဲစားကြီး ကားရေဆေးဆီလိုက်ဆိုင်၌ ယနေ့နံနက်၇နာရီ၃၅မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ထို့နောက် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇နာရီ၄၂မိနစ် အချိန်တွင် မီးထိန်းနိူင်ခဲ့ပြီး နံနက်၇နာရီ၄၆မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာနမှ စစ်ဆေးခဲ့ရာ လူနေအိပ် ခန်းအတွင်း မွေ့ယာပေါ်တွင် ဖုန်းအားသွင်းရန်အတွက် ယာယီမီးပလပ်ခုံ သွယ်တန်းထားရာမှ ဝါယာကြိုး အပူလွန်ကဲပြီး အောက်ခြေရှိ မွေ့ယာသို့ မီးကူးစက်ကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရပြီး  မီးလောင်မှုကြောင့် Yamaha 50 cc အမျိုးအစားဆိုင်ကယ်အဟောင်း ၂စီး ၊အဆောက်အဦး အတွင်းပစ္စည်းများ၊ မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ၃၀၀၀၀၀၀ကျပ်ခန့်ဖြစ်ကြောင်း သိရသည်။

မီးပေါ့ဆစွာသုံးစွဲသူ ကိုမျိုးသက်၊၄၆နှစ်၊(ဘ)ဦးမောင်မောင်ဆွေ၊ရေဆေးဆီလီုက်၊၃၆လမ်း၊၈၃-၈၄ လမ်းကြား၊ရတနာဘုမ္မိအ‌နောက်ရပ်ကွက်၊မဟာအောင်မြေမြို့နယ်နေသူအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#PAN