
(စီးပွားရေး) အောက်တိုဘာ ၈
၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ပထမနှစ်ဝက် ၆ လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၂ သိန်းကျော် တင်ပို့ခဲ့ပြီး နိုင်ငံအလိုက်တင်ပို့မှုမှာ တရုတ်နိုင်ငံကို အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ တရုတ်အပါအဝင် ပြည်ပနိုင်ငံအသီးသီးသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁,၂၀၆,၄၀၈ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၀၈ သန်းဝန်းကျင်ရရှိခဲ့ပါတယ်။
အဆိုပါ ကာလအတွင်း ပြည်ပသို့ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ တရုတ်နိုင်ငံသို့ စုစုပေါင်း ဆန်တန်ချိန် ၃၄၆,၉၁၉ တန်နှင့် ဆန်ကွဲတန်ချိန် ၂၄၇,၉၈၅ နဲ့ နိုင်ငံအလိုက် တင်ပို့မှုမှာ အများဆုံးရပ်တည်လျက်ရှိပါတယ်။
ပြည်ပသို့ မြန်မာ့ဆန်တင်ပို့မှုတွင် တရုတ်နိုင်ငံကို အများဆုံးဖြစ်ပြီး ဖိလစ်ပိုင်ကို ဒုတိယ၊ စပိန်ကို တတိယအများဆုံးတင်ပို့ထားကြောင်း သိရပါတယ်။
ကျန်ရှိတဲ့ ဒုတိယနှစ်ဝက် ၆ လတာကာလအတွင်း တစ်လကို ဆန်နှင့်ဆန်ကွဲတန်ချိန် ၃ သိန်းနှုန်းနဲ့ စုစုပေါင်းတန်ချိန် ၁၈ သိန်းခန့်ဆက်လက်တင်ပို့နိုင်ရန် လျာထားကြောင်းလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။
#PAN