
(မှု့ခင်း) အောက်တိုဘာ ၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ အောက်တိုဘာ ၆ ရက်က ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် ညနေ ၆ နာရီ ၁၀ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်နေ ဒေါ်ယုခိုင်၊ ၅၂ နှစ်၏ နေအိမ်တွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ကျိုက်ထိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ နေအိမ် အပေါ်ထပ် နောက်ခန်းအတွင်း၌ ဒေါ်ယုခိုင် နှင့်အတူ တစ်ရပ်ကွက်တည်းနေသူများဖြစ်သည့် ဇော်ထွန်း၊ ၃၆ နှစ်၊ ကျော်လှဝင်း၊ ၄၇ နှစ်၊ မမြင့်ကေခိုင်၊ ၄၁ နှစ်၊ သန့်ဇင်ဦး၊ ၃၉ နှစ်နှင့် မခင်ပြုံး၊ ၄၅ နှစ် တို့အား ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲကြောင်း သိရသည်။
ဖဲရိုက်လောင်းကစားပြုလုပ်သူ ယုခိုင် အပါ ခြောက်ဦးတို့အား ကျိုက်ထိုမြို့မရဲစခန်း (ပ)၂၅၀/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
#PAN