(ပြည်တွင်း) စက်တင်ဘာ ၃၀

ရွေးကောက်ပွဲမဖြစ်မြောက်အောင် အမျိုးမျိုးထိုးနှပ်သွေးထိုးစည်းလုံးမှုကြောင့် မဲလာမပေးတဲ့ အဖြစ်မရောက်အောင် ဆောင်ရွက်ကြဖို့ ပြည်ခိုင်ဖြိုးပါတီရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးသောင်းအေးက သူ့ရဲ့ပါတီဝင်တွေကိုမှာကြားလိုက်တယ်လို့ သိရပါတယ်။

ပျော်ဘွယ်မြို့နယ်မှာဝင်ရောက်ယှဥ်ပြိုင်ဖို့ရှိနေတဲ့ ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးဟာ စက်တင်ဘာ ၂၉ ရက်နေ့က ပျော်ဘွယ်မြို့နယ်မှာ သူ့ရဲ့ပါတီဝင်တွေနဲ့တွေ့ဆုံစဥ်မှာ အခုလိုပြောဆိုလိုက်တာလို့ ပြည်ခိုင်ဖြိုးပါတီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဦးသောင်းအေးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်ကိုယ်စားလှယ်အများဆုံးပါဝင်နေတဲ့ လွှတ်တော်အတွင်း လွှတ်တော်နည်းဥပဒေ၊ စည်းကမ်းချက်တွေနဲ့ မညီတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးမှုတွေကို ထောက်ပြပြောဆိုခဲ့တာတွေအပါအဝင် အရေးကြီးအဆိုတွေနဲ့ မေးခွန်းများစွာမေးမြန်ပြီး NLD လွှတ်တော်ကို ထိန်းကြောင်းမောင်းနှင်ခဲ့သူလည်း ဖြစ်ပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့တွေ့ဆုံပွဲမှာတော့ ဦးသောင်းအေးက “မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ့်ဘာသာစဉ်းစားပြီးတော့ နှလုံးသားကော ဦးနှောက်ကော အသုံးချပြီးတော့ မဲပေးရွေးချယ်မှ အမှန်တရားကိုရရှိမယ်လို့ သူရဲ့ ပါတီဝင်တွေကို ပြောဆိုခဲ့တာလည်းရှိတယ်လို့ သိရပါတယ်။
“ သူဟာ ကြားကောင်းအောင် မွန်းကြပ်အောင်ပြောနေတာလား၊ ဒီလူရဲ့ တစ်ကယ့်ရင်ထဲမှာ ဒီလိုစိတ်ထားတွေရှိရဲ့လား ဒီလူရဲ့အသိဉာဏ်ပညာစွမ်းအားကကော သူပြောတဲ့အတိုင်းလုပ်နိုင်ရဲ့လား ခန့်မှန်းသုံးသပ်ပြီးတော့မှ ဪ ဒီပါတီကတော့ တိုင်းပြည်အတွက်ငါတို့ဒေသအတွက် အားကိုးရမယ့်ပါတီပဲ ၊ ဒီလူကတော့ တို့ နိုင်ငံ တို့လူမျိုး တို့ဒေသအတွက်အားကိုးရမယ့်လူပဲဆိုတာကို အဖြေရပြီဆိုတော့မှ ဒီဇင်ဘာ ၂၈ ရက်နေ့ကြရင်မှန်မှန်ကန်ကန် မဲပေးလိုက် “ လိုဦးသောင်းအေးကပြောပါတယ်။
“သူကပါတီမှာအထွေထွေအတွင်းရေးမှူးဆိုတော့ သူ့မှာအလုပ်က မအားရအောင် များတဲ့ကြားက ပျော်ဘွယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးမှာ လစဉ်ပါတီဝင်တွေ့နဲ့ တွေ့ဆုံပါတယ်။ သူက ပျော်ဘွယ်အတွက်တစ်ခုထဲမဟုတ်ပဲ တစ်နိုင်ငံလုံးရဲ့အားထားရသူလို့ပြောရင်လဲမမှပါဘူး။ သူရဲ့ဆောင်ရွက်ချက်ကို ပြီးခဲ့တဲ့လွှတ်တော်ကာလမှာ တွေ့ကြပြီးပါပြီ ဒါကသူ့ရဲ့အရည်အချင်းပါ သိပ်ပြီးထွေထွေထူးထူးပြောစရာတော့မလိုပါဘူးလို့ ပျော်ဘွယ်က ပြည်ခိုင်ဖြိုးကိုထောက်ခံတဲ့ဒေသခံတစ်ဦးက PAN ကိုပြောပါတယ်။
ဦးသောင်းအေးနဲ့လစဥ်တွေ့ဆုံမှုမှာပါဝင်တဲ့ ပြာ်ခိုင်ဖြိုးပါတီဝင်တစ်ဦးကတော့ သူတို့နဲတွေဆုံချိန်မှာ ဦးသောင်းအေးက “ဆန္ဒမဲပေးပြီးပြီဆိုရင်တော့ နိုင်ငံသူနိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကျေပြီလို့ သက်မှတ်ရမှာဖြစ်ပြီး ဒီအချိန်မှာ ရွေးကောက်ပွဲမဖြစ်မြောက်အောင် အမျိုးမျိုးထိုးနှပ်သွေးထိုးစည်းလုံးမှုကြောင့် မဲလာမပေးတဲ့ အဖြစ်မရောက်အောင်လည်းဆောင်ရွက်ကြဖို့ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယခင်ရွေးကောက်ပွဲစနစ်က ကိုယ်တိုင်မဲစာရွက်အပေါ်မှာ အမှန်ခြစ်တာ၊ တုံးထုတာတွေရဲ့အပေါ်မှာ မမှန်မကန်ဆောင်ရွက်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့တယ်။ ယခုရွေးကောက်ပွဲမှာတော့ မသမာမှုအရှင်းဆုံးနဲ့အကင်းဆုံးဖြစ်တဲ့ စက်ခလုပ်နှိပ်မဲပေးတဲ့စနစ်နဲ့ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – USDP