ဖောင်တော်ဦးရုပ်ပွားတော်မြတ်များ ညောင်ရွှေမြို့သို့ကြွရောက် အပူဇော်ခံလျက်ရှိ

(ပြည်တွင်း) စက်တင်ဘာ ၃၀

အင်းလေးဒေသမှ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များသည် စက်တင်ဘာလ ၂၉ ရက်တွင် ညောင်ရွှေမြို့ ကျောင်းတော်မှာ ကြွရောက်အပူဇော်ခံလျက်ရှိကြောင်း သိရပါတယ်။

ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များက ရှေးရိုးရာ အစဉ်အလာအတိုင်း သီတင်းကျွတ်လဆန်းတစ်ရက် (စက်တင်ဘာလ ၂၂ ရက်)မှ စတင်၍ အင်းလေးဒေသ ၂၁ ဌာနသို့ အပူဇော်ခံ ကြွရောက်လျက်နေခြင်း ဖြစ်ပါတယ်။

အခုလို ကြွရောက်အပူဇော်ခံတဲ့ပွဲတော်က အောက်တိုဘာလ ၉ ရက်အထိဖြစ်ကာ အောက်တိုဘာလ ၉ ရက်မှာ ရေသာကျောင်းမှ ဖောင်တော်ဦးကျောင်းတော်သို့ ပြန်လည်ကြွရောက်မှာ ဖြစ်ပါတယ်။

ညောင်ရွှေမြို့ကို ကြွရောက် အပူဇော်ခံချိန်မှာ ညောင်ရွှေမြို့ အင်းရိုးရာခြေထောက်နဲ့ လှေလှော်ပြိုင်ပွဲများလည်း ကျင်းပလျက်ရှိနေပါတယ်။

#PAN