အုတ်ဖိုမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံး


(ပြည်တွင်း) စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းကျေးရွာနေ အပြစ်မဲ့ပြည်သူတစ်ဦးအား အကြမ်းဖက်သမား PDF ခြောက်ဦးမှ စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်က အကြောင်းမဲ့ သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ဦးမြင့်အောင်၊ ၆၈ နှစ်သည် နေအိမ်မှာရှိနေစဉ် အကြမ်းဖက်သမား PDF ခြောက်ဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆိုကာ သေနတ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်သတ်ဖြတ်သွား ခဲ့သဖြင့် ဦးမြင့်အောင်မှာ ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

PAN