တာချီလိတ်မြို့တွင် အမျိုးသား နှစ်ဦးအား ဓါးဖြင့်ထိုးသည့် တရားခံ နှစ်ဦးကို ဆေးခြောက်များနှင့်အတူ ဖမ်းဆီးရမိ

(မှုခင်း) စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ဟုန်ပန်းကွင်းအနီးတွင် အမျိုးသား နှစ်ဦး အား ဓါးဖြင့်ထိုးသည့် တရားခံ နှစ်ဦးကို စက်တင်ဘာလ ၂၆ ရက် မွန်းလွှဲပိုင်းက ဆေခမ်းရပ်ကွက်၊ ဝမ်လုံရပ်ရှိ နေအိမ်လိုင်းခန်းအတွင် ဆေးခြောက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ဟုန်ပန်းကွင်းအနီး စက်တက်ဘာ ၂၅ ရက်နေ့လည် ၁ နာရီအချိန်ခန့်တွင် အမျိုးသား နှစ်ဦး ဓါးဖြင့် ခုတ်ခံရ၍ လဲကျနေကြောင်း သတင်းအရ ဟောင်လိတ်နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဓါးဖြင့်အခုတ်ခံရသူများသည် ဝိန်းကျောက် ရပ်ကွက်၊ အောင်ပင်လယ်ရပ်နေ သက်မှူးအောင်၊ ၁၆ နှစ် နှင့် အေးကျော်၊ ၂၇ နှစ် တို့ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၆ ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ်ကာ ဟုန်ပန်းကွင်းအတွင်း လာရောက်ရန် ပြောဆိုသဖြင့် သက်မှူးအောင် နှင့် အေးကျော်တို့မှ ဆိုင်ကယ်ဖြင့် သွားရောက် ခဲ့ရာ ဟုန်ပန်းကွင်းအတွင်း လမ်းမပေါ်တွင် အေးမင်းထက်(ခ)အရှည်ကြီး နှင့် သန်းနိုင်စိုး(ခ)ပါကျဲ တို့မှ လိုင်းခန်းတံခါး ဖွင့်ပေးရန်ကိစ္စနှင့်ပတ်သက်၍ စကားများကြရာမှ သန်းနိုင်စိုး(ခ)ပါကျဲက အသင့်ယူဆောင်လာသော ဓါးရှည်ဖြင့် ခုတ်ခဲ့ရာ ၂ ဦးစလုံး(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အေးမင်းထက်(ခ)အရှည်ကြီး ငှားရမ်းနေထိုင်သည့် ဆေခမ်းရပ်ကွက်၊ ဝမ်လုံရပ်ရှိ နေအိမ်လိုင်းခန်းအား ဝင်ရောက်ရှာဖွေခဲ့ရာ သန်းနိုင်စိုး (ခ) ပါကျဲတို့ကို တွေ့ရှိရပြီး ထိန်းသိမ်းဖမ်းဆီး စစ်ဆေးရှာဖွေခဲ့ရာ ဆေးခြောက် ၁၅၀ ဂရမ်နှင့်အတူ ဓါးရှည်(၁) ချောင်းတို့ကို ဖမ်းဆီးရမိပြီး ဟောင်လိတ် နယ်မြေရဲစခန်းက ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

#PAN