(ပြည်တွင်း) စက်တင်ဘာ ၂၄

ငလျင်ဘေးဒဏ်ခံခဲ့ရသော ဒေသများရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော HRB 500 အမျိုးအစား သံချောင်းလုံးများအား ရန်ကုန်မြိုမှ မန္တလေးမြိုသို အထူးကုန်ရထားဖြင့် ပိုဆောင်ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။
အဆိုပါအထူးကုန်ရထားသည် HRB 500 အမျိုးအစား သံချောင်းလုံးစုစုပေါင်းတန်ချိန် ၄၈၆ ဒဿမ ၈၈၆ တန်အား တင်ဆောင်၍ စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို၊ မလွှကုန်းဘူတာမှတစ်ဆင့် စတင်ထွက်ခွာလာရာညပိုင်းတွင် နေပြည်တော်ဘူတာသို ဆိုက်ရောက်ခဲ့ပြီး နေပြည်တော်မှ ဆက်လက်ထွက်ခွာခဲ့ရာ မန္တလေးမြို၊ မြိုဟောင်းဘူတာသို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ HRB 500 အမျိုးအစား သံချောင်းလုံးများအား မြိုဟောင်းဘူတာသို ရောက်ရှိစဉ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ အတွက် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
#PAN