ထားဝယ်မြို့တော်ခန်းမ အဆောက်အဦသစ်ဖွင့်လှစ်

(ပြည်တွင်း) စက်တင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ထားဝယ်မြို့တော်ခန်းမ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းမှာကျင်းပခဲ့ရာ မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဆိုပါ ထားဝယ်မြို့တော်ခန်းမ အဆောက်အဦသစ်ကို နိုင်ငံတော်ယာယီသမ္မတ ၂၀၂၂ ခုနှစ်တွင် ထားဝယ် မြို့သို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ထားဝယ်မြို့၌လိုအပ်လျက်ရှိတဲ့ မြို့တော်ခန်းမကို တည်ဆောက်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါတယ်။

ထားဝယ်မြို့တော်ခန်းမ အဆောက်အဦသစ်အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး စတုရန်းပေ ၄၀,၃၆၄ ရှိ (၁)ထပ်ခွဲ RCC အဆောက်အဦအမျိုးအစားဖြစ်ကြောင်း သိရပါတယ်။