(ပြည်တွင်း)စက်တင်ဘာ ၁၈



မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့ နယ်၊ကန်ကောက်ရပ်ကွက်၊၃၄လမ်း၊ ၅၅×၅၆ လမ်းကြားရှိဘုန်းကြီးကျောင်းတွင် လာရောက်တည်းခိုနေသည့် PDF သုံးဦး ဖမ်းဆီးရမိကြောင်း သိရသည်။
စက်တင်ဘာ ၁၆ရက် ည ၁၀နာရီဝန်ကျင်အချိန်ခန့်က ချမ်းအေးသာစံမြို့နယ် ဣစ္ဆာသယဘုန်းကြီးကျောင်းတွင် မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့ နယ်၊ ကန်သစ်ကျေးရွာမှ အကြမ်း ဖက် PDF အဖွဲ့ဝင် ၃ဦးရောက်ရှိနေကြောင်း အကြမ်းဖက်မှုကို မလိုလာသည့် တာဝန်သိပြည်သူများ၏သတင်းပေးပို့ချက်အရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ကျောင်းအတွင်းမှ အေးဝင်း(ခ)ဦးနန္ဒောဘာသ၊(ဘ)ဦးစိုးမောင်၊၆၂နှစ်၊ ညွန့်လှိုင်(ခ)ဦးပို၊၆၀နှစ်၊ အောင်ကျော်မင်း(ခ)စောဦး(ဘ)ဦးဖိုးသိန်း၊၄၅နှစ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိPDFသုံးဦးအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ဥပဒေအရအရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။