(ပြည်တွင်း) စက်တင်ဘာ ၁၆
နေပြည်တော်ကောင်စီ၊ ရမည်းသင်းနဲ့ ပျော်ဘွယ်မြို့နယ်တွေမှာ စိန်တလုံးသရက် စိုက်ပျိုးမယ်လို့ဆိုကာ လုပ်ပိုင်ခွင့် လျှောက်ထားပြီး အကောင်အထည်ဖော်ခြင်းမရှိတဲ့ မြေတွေကို ပြန်လည်သိမ်းယူလိုက်ပြီး မည်သည့်အသနား ခံစာကိုမျှ ထည့်သွင်းစဉ်းစားမှာမဟုတ်ဘူးလို့ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။

နေပြည်တော်ကောင်စီနယ်မြေရှိ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်တွေ ရမည်းသင်းခရိုင်အတွင်းရှိ ပျော်ဘွယ်၊ ရမည်းသင်းအစရှိတဲ့ မြို့နယ်တွေက မြေလွတ်မြေလပ်တွေကို စိန်တလုံး သရက် စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေးဇုန်တွေဖော်ထုတ်ပြီး လုပ်ကိုင်ခွင့်ချထားပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီမြေနေရာတွေမှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ သက်ဆိုင်ရာလုပ်ကိုင်ခွင့်ရရှိသူတွေကို လုပ်ကွက်တွေချထားပေးခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေမှာ စိန်တလုံးသရက်စိုက်ပျိုးရေးဇုန်(၁)၊ ရမည်းသင်းခရိုင်မှာ ဇုန်(၂)အဖြစ် သတ်မှတ်ကာ ချထားပေးခဲ့တာလို့ သိရပါတယ်။
အဲဒီလုပ်ကွက်တွေမှာ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ခြင်းမရှိတဲ့ လုပ်ကွက်တွေကို ပြန်လည်သိမ်းယူခြင်းဖြစ်ပြီး မည်သည့် အသနားခံစာကိုမျှ ထည့်သွင်းစဉ်းစားမှာမဟုတ်ဘူးလို့ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#PAN