(ပြည်တွင်း) စက်တင်ဘာ ၁၅
မပြေလည်တဲ့ကိစ္စကြောင့် ကြို့ပင်ကောက် PDF က သူ့ရဲ့ထောက်ပို့ကို ပြန်လည်သတ်ဖြတ်လိုက်တယ်လို့ သတင်းအရင်းအမြစ်တွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းကျေးရွာနေ ဦးသက်မောင်(ခ)ညိုချော(၄၅)နှစ်ဟာ ကြို့ပင်ကောက်မြို့ကနေ သူ့ရဲ့နေအိမ်ကို ကြို့ပင်ကောက်-အလယ်ကုန်းကျေးရွာသွား ကားလမ်းအတိုင်း မော်တော်ယာဉ်နဲ့ မောင်းနှင်ပြန်လာစဉ် ကြို့ပင်စခန်းကျေးရွာအနီးအရောက်မှာ အသင့်စောင့်နေတဲ့ PDF အကြမ်းဖက်သမားနှစ်ဦးက မော်တော်ယာဉ်ကိုရပ်တန့်ခိုင်းကာ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲကဖြစ်ပွာခဲ့တဲ့ အဆိုပါ PDF တွေရဲ့ပသ်ခတ်မှုကြောင့် ဦးသက်မောင်(ခ)ညိုချောမှာ ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
စိစစ်ချက်တွေအရ ဦးသက်မောင်(ခ)ညိုချောဟာ PDF အကြမ်းဖက်အဖွဲ့တွေကို ထောက်ပို့လုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူဖြစ်ပြီး အကြမ်းဖက်အဖွဲ့တွေနဲ့ မပြေလည်မှုဖြစ်နေတာကြောင့် လုပ်ကြံပစ်ခတ် သတ်ဖြတ်ခံရတယ်ဖြစ်တယ်လို့ သိရပါတယ်။
#PAN