
(ပြည်တွင်း) စက်တင်ဘာ ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယခုစက်တင်ဘာလအကုန်မှာ ပထမအကြိမ်အဖြစ် မဲစာရင်းများကို စတင်ကြေညာပေးမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၁ ရက်မှာ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ပြည်သူများအနေနဲ့ မဲစာရင်းများကို ကြည့်ရှုစစ်ဆေးရာမှာ မဲစာရင်းတွင် ပါဝင်ခြင်းမရှိပါက ပြန်လည် လျှောက်ထားရန် UEC က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကြိုတင်မဲကို မဲလက်မှတ်နှင့် အမှန်ခြစ်ကာ ဆန္ဒမဲပေးရမယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က ပြောကြားခဲ့ပါတယ်။
မကြာခင်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စု တစ်ဝန်း ပါတီ ၆ ပါတီက ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
၎င်းပါတီများမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) တို့ ဖြစ်ကြပါတယ်။
#PAN