
(မှုခင်း) စက်တင်ဘာ ၁၁
ပါတီကိစ္စနဲ့ ကျိုက်ထို့မြို့နယ်ကနေ ရေးမြို့ကို ခရီးသွားတဲ့ မွန်ပြည်နယ် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဟာ လမ်းခုလတ်မှာပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မွန်ပြည်နယ် PPP ပါတီရဲ့ ပြည်နယ် ဥက္ကဋ္ဌနဲ့အဖွဲ့ဟာ သံဖြူဇရပ်အထိ ရောက်လာတယ်လို့သိရပြီး စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်အထိ အဆက်အသွယ်ရပြီးနောက်ပိုင်း အဆက်အသွယ်ပြတ်ကာ ဒီမနက် ပါတီဒုဥက္ကဌထံ အဖမ်းခံလိုက်ရပြီဟု Viber က စာပို့ခဲ့တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။
မွန်ပြည်နယ် PPP ပါတီ ဥက္ကဌ ဒေါ်မြသီတာနဲ့ အတူလာ အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဟိန်းလင်းအောင်၊ ဒေါ်ခင်သီတာကျော် ၊ အမည်စိစစ်ဆဲ အမျိုးသမီး ၁ ဦး၊ ပေါင်း (၄) ဦး တို့ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။
မွန်ပြည်နယ် PPP ပါတီ ဥက္ကဌ အပါအဝင် ၄ ဦးဟာ ဆိုင်ကယ် (၂) စီးနဲ့ သထုံနေ သံဖြူဇရပ်၊ ရေးမြို့တို့ကို သွားဖို့ထွက်လာခဲ့ရာ နေ့လည် ၂ နာရီ ၂၀ မီနစ် အချိန်တွင် သံဖြူဇရပ်-ရေး လမ်းပိုင်းမှာပျောက်ဆုံးနေတာဖြစ်ပါတယ်။