တိုက်စစ်ကစားသမား ချီယေဆာ ကို မရောင်းချရန် ဆုံးဖြတ်ခဲ့တဲ့ လီဗာပူးလ်အသင်း

(အားကစား) စက်တင်ဘာ ၁၀

လီဗာပူးလ်အသင်းဟာ အသင်းက အီတလီတိုက်စစ်ကစားသမား ဖက်ဒရီကို ချီယေဆာ ကို ရောင်းချခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ချီယေဆာ ကို ချန်ပီယံလိဂ်လူစာရင်းထဲမှာ ထည့်သွင်းခဲ့ခြင်းမရှိပေမယ့် အရန်လူစာရင်းအတွက် အသင်းမှာ ဆက်ရှိနေစေချင်တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ တူရကီကလပ် ဘက်ဆစ်တက်အသင်းနဲ့ ဆွေးနွေးခဲ့ ပေမယ့် ယခုအချိန်အဆုံးသတ်မှာတော့ ငြင်းဆန်လိုက်တာ ဖြစ်ပါတယ်။

ချီယေဆာ ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီက လီဗာပူးလ်အသင်းရဲ့ အဓိကခေါ်ယူမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ခြောက်ပွဲသာ ကစားခဲ့ရပြီး ပြိုင်ပွဲစုံ ၁၄ ပွဲမှာ နှစ်ဂိုး သွင်းယူပေးထားနိုင်သူ ဖြစ်ပါတယ်။

အခုရာသီပရီးမီးယားလိဂ် သုံးပွဲစလုံး ကစားခွင့်ရထားပြီး ဘုန်းမောက်အသင်းနဲ့ပွဲမှာ အရေးပါတဲ့ အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။