
(ပြည်တွင်း) စက်တင်ဘာ ၉
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က (၁၆)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးဟာ KIA နဲ့ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒေသအခေါ် ရှရော်ခကျေးရွာမှာနေထိုင်တဲ့ မရည်မွန်ကျော်(၁၆)နှစ် ဟာ ကျည်ထိမှန်ဒဏ်ရာတွေရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၆ ရက် ည ၉ နာရီ ၄၅ မိနစ်က KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နဲ့ PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့တွေက ကျေးရွာအတွင်း လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။