
(အားကစား) စက်တင်ဘာ ၈
ကမ္ဘာ့အဆင့်တစ် ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ က ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲမှာ ထပ်မံဗိုလ်စွဲခဲ့ပြီး ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ ဆာဘာလန်ကာ က အမေရိကန်နိုင်ငံသူ အာနီဆီမိုဗာ နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ၆-၃၊ ၇-၆၊ ၇-၃ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ အနေနဲ့ အခုနှစ်အတွင်း ပထမဆုံး မေဂျာဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ကစားသမားဘဝမှာ လေးလုံးမြောက် ဂရင်းစလင်းဆုဖလားလည်း ဖြစ်ခဲ့တယ်။
ဆာဘာလန်ကာဟာ အခုနှစ် ဂရင်းစလင်းပြိုင်ပွဲ လေးရပ်စလုံး အနိမ့်ဆုံး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။
အာနီဆီမိုဗာ ကတော့ ဝင်ဘယ်လ်ဒန်နဲ့ အခုယူအက်စ်အိုး ပင်း နှစ်ပွဲဆက် ဗိုလ်လုပွဲတက်ခဲ့ပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။