မဟာအောင်မြေမြို့နယ်တွင် ရွေးကောက်ပွဲအား သပိတ်မှောက်ရန် လှုံ့ဆော်စာများ ကြဲချ

(ပြည်တွင်း) စက်တင်ဘာ ၈

မဟာအောင်မြေမြို့နယ်၊ဒေးဝန်းအရှေ့ရပ်ကွက်၊၃၈×၈၆ လမ်းထောင့် လမ်းဆုံတွင် ရွေးကောက်ပွဲအား ဆန့်ကျင်သည့်လှုံဆော်စာရွက်များအား အကြမ်းဖက်မှုကိုလိုလာသူ လူ၄ဦးမှ လမ်းမပေါ်ကြဲချသွားကြောင်း သိရသည်။

ယနေ့နံနက်၈နာရီဝန်းကျင်အချိန်က အမည်မသိ လူ ၄ဦးမှ ဆိုင်ကယ် ၂စီးဖြင့် ရောက်ရှိလာပြီး ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးဘဲသပိတ်မှောက်၊သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့၊အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ စာသားပါ စာရွက်များကြဲချကာ ထွက်ပြေးသွားကြောင်း သိရသည်။

သက်ဆိုင်ရာတာဝန်ရှိသူများမှ လှုံ့ဆော်စာများ ကြဲချသွားသည့် နေရာသို့ ရောက်ရှိစစ်ဆေးပြီး လှုံ့ဆော်စာများ ကြဲချသွားသူများ ဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းများ ကြည့်ရှုစစ်ဆေးခြင်း၊ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။