ဂုတ်ကြီးရွာကို PDF က လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ် ၁ ဦး အပါအဝင် အရပ်သား ၃ဦးဒဏ်ရာရ

(ပြည်တွင်း) စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ဂုတ်ကြီးရွာကို PDF အကြမ်းဖက်တွေဟာ စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

PDF အကြမ်းဖက်သမားတွေရဲ့ပစ်ခတ်မှုကြောင့် မမြတ်စန္ဒာထွေး (၃၂)နှစ်ရဲ့ ဘယ်လက်သူကြွယ် ဗုံးစထိမှန်(မစိုးရိမ်ရ)၊ ဒေါ်ပဆာရဲ့ ညာဘက်ခြေသလုံး ဗုံးစထိမှန်(မစိုးရိမ်ရ)နဲ့ ဒေါ်ပဆာရဲ့ (၁)လာသားအရွယ် သမီးငယ်လေးတွေ နဖူးဗုံးစထိမှန်(မစိုးရိမ်ရ)  ဒဏ်ရာရရှိခဲ့တာလို့လည်း သိရပါတယ်။

ဒါ့အပြင် ကျေးရွာမှာနေထိုင်ကြသူတွေအနေနဲ့ ၁၅မိနစ်အတွင်း ရွာကနေ ပြောင်းရွှေ့ကြဖို့ ဖုန်းဆက်ရာဇသံပေး နေတယ်လို့သိရပြီး အကြမ်းဖက်သမားတွေပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ ဂုတ်ကြီးကျေးရွာအတွင်းကို (၁)လုံး၊ စာသင်ကျောင်းကို (၁)လုံး၊ တာဝါတိုင်ကုန်းအနီးကို(၁)လုံး၊ တောရကျောင်းအနီးကို(၁)လုံး၊ ဘုံးဘောတာဝါတိုင်ကုန်းရဲ့အောက်ဘက် (၁၁)မိုင်အနီးကို(၁)လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း သိရပါတယ်။

နယ်မြေခံတပ်မတော်စစ်ကြောင်းတွေကတော့ နတ်ရေကန်အနီးတဝိုက်က အကြမ်းဖက်တွေရှိရာကို ပစ်ခတ်ရှင်လင်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

#PAN