ညောင်ဦးတွင် လမ်းလျှောက်လာသည့် အရပ်သားပြည်သူတစ်ဦးအား အကြမ်းဖက်PDFအဖွဲ့မှ ပစ်သတ်

(မှုခင်း) စက်တင်ဘာ ၆

ညောင်ဦးမြို့နယ်၊စဉ့်ကူ (မြောက်)ကျေးရွာ၊ဈေးတန်းရပ်၌ အကြမ်းဖက် PDF အင်အား ၇ ဦးခန့်က အရပ်သားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ မွန်းတည့်၁၂နာရီကျော်အချိန်ခန့်တွင် ဦးသူရ၊(ဘ)ဦးဝင်းရွှေ၊၄၂ နှစ်၊ဆုံကုန်းရပ်၊စဉ့်ကူအုပ်စု၊ ညောင်ဦးမြို့နယ်နေသူသည် စဉ့်ကူ(မြောက်)ကျေးရွာဘက်မှ ကုက္ကိုလ်ချောင်းကျေးရွာဘက်သို့ ချောက်-ညောင်ဦးသွားကားလမ်းအတိုင်း တစ်ဦးတည်းလမ်း လျှောက်လာစဉ် ကုက္ကိုလ်ချောင်းကျေးရွာဘက်မှ အကြမ်းဖက် PDF အင်အား ၇ဦးခန့်က သေနတ်များ ကိုင်ဆောင်၍ ဆိုင်ကယ်(၃)စီးဖြင့် ညောင်ဦး- ချောက်သွားကားလမ်းအတိုင်း ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်PDFအဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသူရတွင် ဝဲ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ချက် ရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။