
(ပြည်တွင်း) စက်တင်ဘာ ၅
လာမယ့်စက်တင်ဘာလ ၁၃ ရက်မှာ MSMEs: BUILD BACK BETTER စီးပွားရေးဆိုင်ရာဆွေးနွေးဟောပြောပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်(MCEF)၏ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှဦးစီး၍ ကျင်းပပြုလုပ်သွားမည့် MSMEs: Build Back Better စီးပွားရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲမှာ Prof. Dr. အောင်ထွန်းသက်၊ ဦးအောင်ထူးနှင့် ဦးမြင့်ဇော် တို့က ဆွေးနွေးသွားမှာဖြစ်ပါတယ်။
အဆိုပါပွဲကိုအမှတ်(၃)၊သံသုမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်၊ သု၀ဏ္ဏလမ်းဆုံ၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး “အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုကောင်းမွန်အောင်ပြန်လည်တည်ဆောက်ခြင်း” ခေါင်းစဉ်နဲ့ဆွေးနွေးမည်ဖြစ်ပါတယ်။
အဆိုပါပွဲသို့တက်ရောက်မည့်သူများအနေဖြင့် MCEF အသင်းဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူများအနေနဲ့ စက်တင်ဘာလ ၁၀ ရက်မတိုင်မီဖုန်းနံပါတ် ဝ၉-၈၉၃၂၁၇၁ဝ၉၊ ဝ၉-၄၂၂၇၂၁ရ၅၇၊ ၀၉-၂၆၆၈၂၃၂၂၆ သို့ဆက်သွယ်နိုင်သလို၊ Email:mcef1996@gmail.comသို့ ဆက်သွယ်စာရင်းပေးသွင်း နိုင်ကြောင်း အသိပေးထားပါတယ်။