မြဝတီတွင် ဂတ်စ်အိုးပေါက်ရာမှ ဆန်ပြုတ်ဆိုင်မီးလောင်

(မှုခင်း)စက်တင်ဘာ ၅

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေမြင်းဝန်ဘုရားတောင်ဘက်မုခ်အနီးရှိ ရန်ကုန်ဆန်ပြုတ်ဆိုင်တွင် ဂတ်စ်အိုးပေါက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့နံနက် ၈နာရီကျော်အချိန်က မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဓါတုကလျာလမ်း ၏ ရွှေမြင်းဝန်ဘုရားတောင်ဘက်မုခ်အနီးရှိ ရန်ကုန်ဆန်ပြုတ်ဆိုင်တွင်မီးလောင်မှုဖြစ်ပွား၍ မြဝတီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၃)စီး၊ အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ စည်ပင်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် နံနက် ၈ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။