နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် မက်ဆီ နှစ်ဂိုးသွင်းယူ

(အားကစား) စက်တင်ဘာ ၅

အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ ဟာ ကစားသမားဘဝ နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲ မှာ နှစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ကြောင်း သိရပါတယ်။

မက်ဆီ က လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အနားယူမှာ ဖြစ်ပြီး အာဂျင်တီးနားမြေမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်ခြေစမ်းပွဲသာ ယှဉ်ပြိုင်ကစားဖို့ ရှိတော့တာ ဖြစ်ပါတယ်။

မက်ဆီ အနေနဲ့ အခုလိုနှစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ သွင်းယူနိုင်တဲ့ ဂိုးပေါင်း ၃၆ ဂိုး ရရှိသွားခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့ အရေအတွက်ကို လိုက်မီသွားခဲ့သလို၊ ၂၀၀၆ ခုနှစ်ကစပြီး အာဂျင်တီးနား အသင်းအတွက် နှစ်တိုင်း ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။