
(အားကစား) စက်တင်ဘာ ၄
ဘာစီလိုနာအသင်းရဲ့ နည်းပြဟောင်း ဇာဗီ ဟာ လေဗာကူဆင်အသင်းရဲ့ ကမ်းလှမ်းမှုနှစ်ကြိမ်စလုံးကို ငြင်းပယ်ခဲ့ ကြောင်း သိရပါတယ်။
လေဗာကူဆင်အသင်းဟာ စပိန်နည်းပြ ဇာဘီအလွန်ဆိုနဲ့ လမ်းခွဲချိန်တုန်းက ဇာဗီ ကို အစားထိုးခန့် အပ်ဖို့ ကမ်းလှမ်းခဲ့ဖူးသလို၊ ဒတ်ချ်နည်းပြ တန်ဟက်ဂ်ကို ထုတ်ပယ်ခဲ့ချိန်မှာလည်း ထပ်မံကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လေဗာကူဆင်အသင်းက အဓိကကစားသမားအများအပြားကို ဆုံးရှုံးထားတာကြောင့် ဇာဗီ က မကိုင် တွယ်လိုခြင်းဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၄ နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ ဇာဗီ က ဒီနှစ်နွေရာသီအစောပိုင်းမှာ နည်းပြလောကကို ပြန်လည်ဝင်ရောက်လိုကြောင်း ပြောကြားခဲ့ပါတယ်။