
(အားကစား) စက်တင်ဘာ ၄
မြန်မာလက်ရွေးစင် အမျိုးသားဖူဆယ်အသင်းက တရုတ်နိုင်ငံမှာ ကျင်းပမည့် CFA Team China Beiguo – Renbai Group Shijiazhuang Futsal International Tournament ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တရုတ် နိုင်ငံသို့ စက်တင်ဘာလ ၃ ရက်က ထွက်ခွာသွားခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း ကစားသမား ၁၈ ဦး၊ အုပ်ချုပ်နည်းပြ ၆ ဦးတို့ဖြင့် အဆိုပါဖိတ်ခေါ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ပါတယ်။
မြန်မာ့ လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းက အုပ်စုအဆင့်ပွဲစဉ်များအဖြစ် စက်တင်ဘာလ ၅ ရက်မှ ၈ ရက် အထိ နယူးဇီလန်အသင်း၊ အင်ဒိုနီးရှားအသင်း၊ ကမ္ဘောဒီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။