(ပြည်တွင်း) စက်တင်ဘာ ၄

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်နဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်တွေမှာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကိုဖမ်းဆီးအေ၇◌းယူမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းမကြီးနဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်တံတားတွေမှာ စက်တင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးအရေးယူမှုတွေပြုလုပ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနကပြောပါတယ်။
ဟိုပင်မြို့ကနေ မိုးကောင်းမြို့ဘက်ကို မိုးကောင်းမြို့နယ်၊ နန့်ခွင်ကျေးရွာနေ ကောင်းခန့်ပိုင်(၂၃)နှစ် မောင်းနှင်လာသည့် MDY-8/6M-XXXX TOYOTA HIJET မော်တော်ယာဉ်ကို လုံခြုံရေးပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂ ရက် ညနေ ၄ နာရီ ၄၀ မိနစ်တွင် ရပ်တန့်စစ်ဆေးခဲ့ရာ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် ကောင်းခန့်ပိုင်ကို ပင်းဘောနယ်မြေရဲစခန်းက (ပ)၁၃/၂၀၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။
အလားတူ ညနေ ၄ နာရီ ၃၀ မိနစ်ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်တံတားမှာ ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းတွေ ဆောင်ရွက်နေစဉ် ရေးမြို့နယ်၊ ကလော့ကျေးရွာနေ ကျော်နိုင်ဦး(၂၄)နှစ် မောင်းနှင်လာတဲ့ YGN-11/6M-XXXX FUSO မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် ကျော်နိုင်ဦး ကို ရေးမြို့မရဲစခန်း (ပ)၇၅/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။