
(အားကစား) စက်တင်ဘာ ၃
ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အပြောင်းအရွှေ့ကာလတစ်ခုအတွင်း ငွေအသုံးစွဲဆုံးအသင်းအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ပါတယ်။
လီဗာပူးလ်အသင်း အနေနဲ့ အခုနွေရာသီအတွင်း ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင် ၄၁၅ သန်း သုံးစွဲခဲ့ပါတယ်။ ဒီပမာဏဟာ ၂၀၂၃ ခုနှစ်နွေရာသီက ချဲလ်ဆီးအသင်း သုံးစွဲခဲ့တဲ့ ပေါင် သန်း ၄၀၀ ကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ် ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူပြီးနောက် အခုလို စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။
အခုနွေရာသီကာလမှာ လီဗာပူးလ်အသင်းက ပေါင်သန်း ၁၀၀ ကျော် ကစားသမားနှစ်ဦး ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်နည်းပြ အာနယ်ဆလော့ ဟာ သူ့ရဲ့ပထမဆုံးရာသီမှာ ခီယေဆာတစ်ဦးတည်းကို ပေါင် ၁၀ သန်းပေးကာခေါ်ယူပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးခဲ့ပါတယ်။