တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားစတင်ကျင်းပ


(နိုင်ငံတကာ) စက်တင်ဘာ ၃

တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဘေကျင်းမြို့ ထျန်အန်မင်ရင်ပြင်၌ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာကျင်းပနေကြောင်း သိရသည်။

နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဌ ရှီကျင့်ဖိန်က အရေးကြီး မိန့်ခွန်းပြောကြားခဲ့​ကြောင်း သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဌ ရှီကျင့်ဖိန်မှ အရေးကြီး မိန့်ခွန်း ပြောကြားပြီးနောက် ဂုဏ်ပြုတပ်ဖွဲ့များကို ကြည့်ရှု စစ်ဆေးခဲ့သည်။

အခန်းအနားတက်ရောက်ရန် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ပြည်ပနိုင်ငံများမှ ထိပ်သီး ခေါင်းဆောင်များနှင့် အစိုးရခေါင်းဆောင် ၂၆ ဦး၊ လွှတ်တော် ဥက္ကဋ္ဌ များ၊ ဒုတိယ ဝန်ကြီးချုပ်များ၊ အဆင့်မြင့် ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့ အစည်းများမှ တာဝန်ခံ များနှင့် နိုင်ငံရေး ခေါင်းဆောင်ဟောင်းများ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများ၊ စစ်သံမှူးများနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါတို့ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ မိတ်ဆွေများ သို့မဟုတ် ၎င်းတို့၏ ကျန်ရစ်သူမိသားစု ၅၀ ဦးတို့သည်လည်း အခမ်းအနားသို့ တက်ရောက်ကြ​​ကြောင်း သိရသည်။

PAN