
(အားကစား) စက်တင်ဘာ ၂
ချဲလ်ဆီးအသင်းက ဖူလ်ဟမ်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲကစားချိန် ၁၃ မိနစ်၌ တံကောက်ကြော ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူး ဒီလက်ပ် အနေနဲ့ အနည်းဆုံး ရက်သတ္တခြောက်ပတ်ခန့် အနားယူရ မယ်လို့ နည်းပြ မာရက်စ်ကာ က အတည်ပြုပြောကြားခဲ့ပါတယ်။
တိုက်စစ်မှူး ဒီလက်ပ် က ဖူလ်ဟမ်အသင်းနှင့် ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့ပေမယ့် ပွဲကစားချိန် ၁၃ မိနစ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် အသင်းဖော် ကစားသမား ဂျော့ဂျီနှင့် လူစားလဲခဲ့ရပါတယ်။
လက်ရှိမှာ ဒီလက်ပ် ရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်နေသော်လည်း ဒဏ်ရာအခြေအနေမှာ ပြင်းထန်တာကြောင့် အနည်းဆုံး ရက်သတ္တ ခြောက်ပတ်ခန့် အနားယူရမည် ဖြစ်ကြောင်း နည်းပြ မာရက်စ်ကာ က ပြောကြားခဲ့ပါတယ်။