ကော့နွဲ့တံတား ပြုပြင်ရေးအဖွဲ့ကို KNU က Suicide Drone နဲ့ တိုက်ခိုက် အမျိုးသား ၁ ဦးသေဆုံး၊ ၈ ဦး ထိခိုက် ဒဏ်ရာရ


(ပြည်တွင်း) စက်တင်ဘာ ၂

KNU အကြမ်းဖက်သောင်းကျန်းသူတွေ ဖောက်ခွဲဖျက်စီးသွားတဲ့ ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်က ကော့နွဲတံတားကို ပြန်လည်ပြုပြင်နေတဲ့ တံတားအလုပ်သမားတွေကို KNU က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ ၁ ဦးသေဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တံတားအထူးအဖွဲ့က ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်တဲ့ အင်ဂျင်နီယာ ၁ ဦးနဲ့ လုပ်သား ၂၆ ဦး တို့ တံတားပြုပြင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေစဉ် ဩဂုတ် ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်မှာ KNU နဲ့ PDF အမည်ခံအကြမ်းဖက်သမားတွေက တံတားရဲ့ အနောက် မြောက်ဘက် မီတာ ၃၆၀၀ ခန့်အကွာမှာရှိတဲ့ ပျားပင်ကျေးရွာနေရာနဲ့ တံတားရဲ့ တောင်ဘက်မီတာ ၃၇၀၀ ခန့် အကွာမှာရှိတဲ့ မြို့ဟောင်းကျေးရွာနေရာတွေကနေ Suicide Drone ၂ စင်းနဲ့ တံတားလုပ်ငန်းဆောင်ရွက် နေသူတွေကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို ကော့ကရိတ်မြို့မှာရှိတဲ့ နယ်မြေခံတပ်မတော်ဆေးရုံကိုပို့ဆောင်ကာ ကနဦး ဆေးဝါး ကုသမှုတွေဆောင်ရွက်ပေးခဲ့ကာ ဘားအံမြို့က တောင်ကလေးဆေးရုံကို ဆက်လက်ပို့ဆောင်ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်မှာရှိတဲ့ ကော့နွဲ့ကျေးရွာအနီးက အရှည် ၁၉၆ ပေ၊ အကျယ်ပေ ၄၀ ရှိ သံကူကွန်ကရစ် အမျိုးအစား ကော့နွဲ့တံတားကို KNU က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်….

PAN