(မှု့ခင်း) သြဂုတ် ၃၁

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ရွှေနံသာ သားသတ်ရုံရှေ့၊ လျှပ်စစ်ဝန်ထမ်းအိမ်ယာအနောက်ဘက်၊ နေပြည်တော် မြို့ပတ်လမ်းဘေးရှိ မြောင်းဘေးခြုံအတွင် မနေ့က ဩဂုတ် ၃၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က အမျိုးသမီး(၁)ဦး ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မအိအိငြိမ်း၊ ၂၃ နှစ်၊ (ဘ)ဦးထွန်းထွန်း၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဥတ္တရသီရိမြို့နယ်နေသူဖြစ်ကြောင်းသိရှိရပြီး မအိအိငြိမ်းမှာ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာနေ ယောက္ခမဖြစ်သူ မသင်းခိုင် မှ “ငါး”ဟင်းစားလာယူရန် ဖုန်းဆက်ခေါ်သဖြင့် ထွက်သွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိကြောင်း သိရသည်။
၎င်းနောက် ခင်ပွန်းဖြစ်သူ ချစ်သဲဦး နှင့် အနီးပတ်ဝန်းကျင်နေသူများမှ လိုက်လံရှာဖွေကြရာ ရွှေနံသာ သားသတ်ရုံရှေ့၊ လျှပ်စစ်ဝန်ထမ်းအိမ်ယာအနောက်ဘက်၊ နေပြည်တော် မြို့ပတ်လမ်းဘေးရှိ မြောင်းဘေးခြုံအတွင် ယာနဖူး ၂ လက်မခန့်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံ ညိုမဲဒဏ်ရာ ၁ ချက်၊ ဂုတ်ပိုး ဖူးရောက်ဒဏ်ရာ ၁ ချက်၊ ယာခြေဖမိုး ပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာ ဒူးနှစ်ဖက်တွင် စုတ်ပြဲဒဏ်ရာများရရှိပြီး အဝတ်ဗလာဖြင့် သေဆုံးလျက်တွေ့ရှိရကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းအား နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ “သုခအလင်း”ပရဟိတယဉ်ဖြင့် ပို့အပ်ထားရှိပြီး တရားခံဖမ်းဆီးရမိနိုင်ရေးနှင့် အမှုဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PAN