(ပြည်တွင်း) ဩဂုတ် ၃၁

တပ်မတော်အနေဖြင့် TNLA အဖွဲနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထား သည့် နောင်ချိုမြိုအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ပြည်ထောင်စု လမ်းမကြီးဖြစ်သော မန္တလေး-လားရှိး-မူဆယ် လမ်းမကြီးပေါ်ရှိ အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် နောင်ချို-ကျောက်မဲ လမ်းပိုင်း အား ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ခဲရာခဲဆစ်ဖြင့် ဆောင်ရွက်ခဲ့ရာ နောင်ပိန်ကျေးရွာ၊ ပင်ပေါကျေးရွာ၊ နောင်ပစ်လမ်းခွဲနှင့် ဂုတ်တွင်းတံတား၊ ဂုတ်ထိပ်တံတားနှင့် အဆိုပါ ဒေသတစ်ဝိုက်တိုအား ဩဂုတ်လ ၂၉ ရက်တွင် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။





