(ပြည်တွင်း) ဩဂုတ် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၁၀၁) ကြိမ်မြောက် မြန်မာ-ထိုင်း မြို့နယ်အဆင့်နယ်ခြားကော်မတီ (တာချီလိတ်-မယ်ဆိုင်) ပုံမှန်အစည်းအဝေးကို ဩဂုတ် ၂၉ ရက်နံနက်ပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ 1G1 ဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နှစ်နိုင်ငံကိုယ်စားလှယ်များ အပြန်အလှန်မိတ်ဆက်ကြပြီး မြို့နယ်အဆင့်နယ်ခြားကော်မတီ ဥက္ကဋ္ဌများက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် မြန်မာ-ထိုင်း နှစ်နိုင်ငံမြို့နယ်အဆင့်နယ်ခြားကော်မတီဝင်များက နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်းရေး၊ လုံခြုံရေး၊ ရာဇဝတ်မှုကင်းရှင်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းကိုင်တွယ်ဖြေရှင်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကျီုးစီးပွာနှင့် နယ်စပ်ဒေသတွင်နေထိုင်ကြသည့် ပြည်သူများ၏ သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး၊ အများပြည်သူဆိုင်ရာ ဘေးအန္တရာယ်လျှော့ချရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ အကြမ်းဖက်မှုနှင့် လက်နက်မှောင်ခို၊ ပြည်ပလုပ်သား ရေးရာ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး စသည့်ကိစ္စရပ်များကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ခြင်းဖြင့် ပြဿနာများ ကို မြို့နယ်အဆင့်နယ်ခြား ကော်မတီများမှ ပိုမိုကောင်းမွန်စွာဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ဖြေရှင်းနိုင်ခြင်းမရှိသည့် ပြဿနာရပ်များကို အထက်ဌာန အဆင့်ဆင့်သို့ ဆက်လက်တင်ပြ ဖြေရှင်သွားရန် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ တာချီလိတ်မြို့နယ်အဆင့် နယ်ခြားကော်မတီဥက္ကဌ စစ်ဗျူဟာ (အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်မင်းထွန်းနှင့် တပ်နယ်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဌ ဦးကျော်စွာမျိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဘက်မှ မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဌ ကျောက်တာခ့်လှုပ်ရှားတပ်ဖွဲ့မှ ဗျူဟာမှူး ဗိုလ်မှူးကြီး အနုဝပ်ဘန်းယားနန်း ဦးစီးကိုယ်စာလှယ်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ လာရောက်လေ့လာသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
#PAN