(ပြည်တွင်း) သြဂုတ် ၂၉

အပိုင်းလိုက်ခွဲကာကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာပါဝင်ယှဥ်ပြိုင်မယ့် ရခိုင်ဒေသတွင်းပါတီတစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) က ကျောက်ဖြူမြို့မှာ ရုံးချုပ်ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့ မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကို ရခိုင်ပြည်နယ်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေမှာကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုကို ရခိုင်လက်နက်ကိုင်အကြမ်းဖက်တွေဖြစ်တဲ့ AA က ထိန်းချုပ်ထားတာဖြစ်ပြီး အစိုးရထိန်းချုပ်ထားတဲ့ ၃ မြို့နယ်မှာပဲ ရွေးကောက်ပွဲကို ကနဦးကျင်းပဖို့ရှိနေပါတယ်။
ရခိုင်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ (AA) ကတော့ ရခိုင်ပြည်အတွင်းမှာ ရွေးကောက်ပွဲကို ကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။