မော်လိုက်မြို့မစျေးကို PDF က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်

(ပြည်တွင်း) သြဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့က မြို့မစျေးကို PDF အကြမ်းဖက်သမားတွေက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

မော်လိုက်မြို့မစျေးကို ဒီနေ့မနက် ၉ နာရီခွဲအချိန်ခန့်မှာ PDF တွေက ပစ်ခတ်ခဲ့တာဖြစ်ပြီးအမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိအခြေအနေမှာတော့ မော်လိုက်မြို့ပေါ်က စျေး၊ ကျောင်းနဲ့ ရုံးတွေပိတ်ထားကြသလို ပြည်သူတွေ အသွားအလာမရှိပဲ ခြောက်ကပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

၂၀၂၃ ခုနှစ်ကစတင်ကာ မော်လိုက်မြို့နယ်အတွင်းက ချင်းတွင်းမြစ်အရှေ့ခြမ်းကျေးရွာတစ်ချို့မှာ PDF အကြမ်းတွေနဲ့ တပ်မတော်တို့တိုက်ပွဲဖြစ်ပွားတာရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

#PAN