နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်မည်


(ပြည်တွင်း) ဩဂုတ် ၂၈

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ရဲ့ဖိတ်ကြားချက်အရ မကြာမီ ရက်ပိုင်းအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အလုပ်သဘော ခရီးစဉ်သွားရောက်မယ်လို့ ထုတ်ပြန်ပါတယ်။

သူ့ရဲ့ အလုပ်သဘောခရီးစဉ်အတွင်း နိုင်ငံတော်တရုတ်ပြည်သူ့ သမ္မတနိုင်ငံထျန်းကျင်းမြို့မှာကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး(Shanghai Cooperation Organisation SCO SUMMIT 2025)ကိုတက်ရောက်သွားမှာဖြစ်သလို ပေကျင်းမြို့မှာ ကျင်းပပြုလုပ်မယ့် တရုတ်ပြည်သူတွေရဲ့ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားကိုလည်း တက်​ ရောက်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံသမ္မတ H.E.Mr. Xi Jinping နဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်သလို အခြားနိုင်ငံ့ခေါင်းဆောင်တွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးတာတွေပြုလု​ပ်သွားဖို့ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံကိုရောက်ရှိတဲ့အချိန်အတွင်းမှာ အထင်ကရနေရာတွေကိုကြည့်ရှုလေ့လာတာ ပညာရေးကဏ္ဍ၊ စက်မှုကုန်ထုတ်လုပ်ငန်းကဏ္ဍ၊စီးပွားရေးကဏ္ဍစတယတွေကို ကြည့်ရှုလေ့လာတာတွေ အပြင် နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေးနဲ့ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုဖွံ့ဖြိုးတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

PAN