


(ပြည်တွင်း)သြဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသော Sky Villa အဆောက်အအုံ A အဆောင်အား ရှင်းလင်းရာမှ ရုပ်အလောင်း ၇လောင်း တွေ့ရှိရကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက. Sky Villa အဆောက်အအုံ A အဆောင်အား NTL ကုမ္ပဏီ(Sky villa condo)၊ မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ အဆောင် (A)၊ အခန်းအမှတ် F3 မှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦး၊ အခန်းအမှတ် A4 မှ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့၏ ရုပ်အလောင်းများအား ထပ်မံထုတ်ယူနိုင်ခဲ့သည်။
အဆိုပါ ရုပ်အလောင်းများအား မြတ်သဒ္ဒါလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။