ပန်းတောင်း၊ ချမ်းမြသာစည်နှင့် လားရှိးမြိုနယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


(မှုခင်း) ဩဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ရတနာပုံရပ်ကွက်တွင် ဩဂုတ် ၂၄ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က ပုသိမ်-မုံရွာ ကားလမ်းမဘေးရှိ အိမ်ငှားနေထိုင်သူ သိန်းထွန်း၊ ၆၃ နှစ်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၆၀၀)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဩဂုတ် ၂၂ ရက် ညနေ ၆ နာရီအချိန်န့်တွင်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၂)ရပ်ကွက် ၆၉ လမ်း၊ ၁၀၇ x ၁၀၈ လမ်းကြားတွင် ပြည်ကြီးတံခွန်မြို့နယ် စက်မှု (၁)ရပ်ကွက်နေ သူရအေး (ခ)ဟူစိန်၊ ၃၃ နှစ် မောင်းနှင်လာသော ဆိုင်ကယ်နှင့် မုံရွာမြို့နယ် ဆူးလေကုန်းကျေးရွာနေကျော် သက်ခိုင် (ခ) တဲလုံး၊ ၃၀ နှစ် မောင်းနှင်ပြီး ချမ်းမြသာစည်မြို အောင်ပင်လယ်ရပ်ကွက်နေ လှိင်မိုး (ခ)ထွန်းလှိင်မိုး၊ ၃၀ နှစ် လိုက်ပါလာသည့် MITSUBISHI PAJERO မော်တော်ယာဉ်တိုကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀၀၀၀ (တစ်ပြားလျှင် ငွေကျပ်၁၅၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၇၂၀၀)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၁၁ နာရီခန့်တွင် သတင်းအရ လားရှိးမြို့နယ် မယ်ဟန်ကျေးရွာအုပ်စု မယ်ဟန်ကျေးရွာအနီးတွင် မူဆယ်မြို့နယ်ဘက်မှ မိုးညှင်းမြို့နယ်ဘက်သို မြစ်ကြီးနားမြို့ နန်းကွေ့ရပ်ကွက်နေ ကျော်ဇင်ထွေး၊ ၂၂ နှစ် မောင်းနှင်ပြီး မြစ်ကြီးနားမြို့ နန်းကွေ့ရပ်ကွက်နေ ကျော်ဇင်အေး၊ ၂၉ နှစ် လိုက်ပါလာသော TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းတို့နှစ်ဦးသယ်ဆောင်လာသည့် ဘိန်းဖြူအလေးချိန် ၂ ဒသမ ၈၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၄၂၉ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၅၀) ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

PAN