(နိုင်ငံတကာ) ဩဂုတ် ၂၆

၂၀၂၅ ခုနှစ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံလိုတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားသမ္မတ အမေရိကန်ကိုလာရောက်လည်ပတ်စဉ် ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
“ဒီနှစ်မှာ သူနဲ့တွေ့ချင်ပါတယ်” အာရှမဟာမိတ်အပေါ် ပြစ်တင်ဝေဖန်မှုအသစ်တွေကို တွန်းအားပေးတဲ့တိုင် ကုန်သွယ်ရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့ လမ်းဖွင့်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၂၅ ရက်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတထရမ့်ဟာ ဇန်နဝါရီလ ကျမ်းသစ္စာကျိန်ဆိုချိန်ကစပြီး၊ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ဖို့ သဘောတူညီချက်မရရှိခဲ့တဲ့ သူ့ရဲ့ ရာထူးသက်တမ်းအတွင်း တိုက်ရိုက်သံခင်းတမန်ခင်းကို ပြန်လည်အသက်သွင်းဖို့ ထပ်ခါတလဲလဲ တောင်းဆိုမှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်က လျစ်လျူရှုခဲ့တယ်လို့လည်း သိရပါတယ်။
မစ္စတာလီဟာ အောက်တိုဘာလမှာကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Apec) အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့…..