(ပြည်တွင်း) ဩဂုတ် ၂၅
ဒေသခံတွေ ခရီးသွားလာရလွယ်ကူလျင်မြန်စေဖို့အတွိက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)က မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာရှိတဲ့ မကွေးမြို့ကို လေကြောင်းခရီးစဉ်တွေ ထမ်မံတိုးချဲ့ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဟာ မန္တလေး-မကွေး၊ မြစ်ကြီးနား-မကွေး၊ မကွေး-နေပြည်တော်၊ မကွေး-ရန်ကုန် ခရီးစဉ်သစ်တွေကို ပျံသန်းပြေးဆွဲပေးမှာဖြစ်ပြီး အဲဒီခရီးစဉ်တွေကို ATR 72-600 လေယာဉ်နဲ့ ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်က စတင်ကာ အပတ်စဉ် တနင်္လာနေ့တိုင်း ပျံသန်းပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။