(ပြည်တွင်း) ဩဂုတ် ၂၅
တောင်သူတွေရဲ့ ဝင်ငွေနဲ့လူမှုစီးပွားဘဝတွေဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူတွေလိုအပ်တဲ့ စိုက်ပျိုးစရိတ်ကို တစ်ဖက်တစ်လမ်းကပံ့ပိုးနိုင်ဖို့အတွက် ဒေသခံတောင်သူတွေကို ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးနေတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေကပြောပါတယ်။

အဲဒီလိုထုတ်ချေးပေးရာမှာ ထန်းတပင်မြို့နယ်အနေနဲ့ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီမှာ မိုးစပါးစိုက်ဧက ၇,၅၀၀ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်းတစ်သောင်းတစ်ထောင်နှစ်ရာကျော် ထုတ်ချေးပေးဖို့အတွက်လျာထားပြီး လက်ရှိမှာ ကျေးရွာအုပ်စု ၃၈ ခုမှာရှိတဲ့ တောင်သူ ၇၇၄ ဦးတို့ရဲ့ စိုက်ဧက ၆,၂၄၃ ဧကအတွက်ကို တစ်ဧကငွေကျပ် တစ်သိန်းခွဲ နှုန်းနဲ့ စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းကိုးထောင်သုံးရာကျော်ကို ထုတ်ချေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ထန်းတပင်မြို့နယ်အတွင်းက တောင်သူတွေအနေနဲ့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွတွေ အချိန်မီရရှိတဲ့အတွက် စိုက်ပျိုးရေးကဏ္ဍမှာ အချိန်မီစွာစိုက်ပျိုးနိုင်သလို ကျန်ရှိနေတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာရှိတဲ့ တောင်သူတွေကို စိုက်ပျိုးစရိတ်ချေးငွေတွေ အချိန်မီပေးအပ်နိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိသူတွေက ကွင်းဆင်းဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။
#PAN