၂၀၂၆ နှစ်အတွက် ရုံးပိတ်ရက် ၃၂ ရက်အထိသတ်မှတ်ပေး

(ပြည်တွင်း) သြဂုတ် ၂၃

၂၀၂၆ ခုနှစ်တွင်ကျရောက်မည့်  မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များ သီတင်းကျွတ်ရုံးပိတ်ရက်များအပါအဝင် နှစ်တစ်နှစ်လုံးအတွက် စုစုပေါင်းရုံးပိတ်ရက်ကို (၃၂) ရက်အထိ သတ်မှတ်ထားပေးကြောင်း သိရသည်။

၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ ရုံးများ၏ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေအရ အများပြည်သူအလုပ်ပိတ်ရက်များကို အသိပေးကြေညာလိုက်ကြောင်း သိရသည်။

ကရင်နှစ်သစ်ကူးနေ့သည် ၂၀၂၆ ခုနှစ်တွင် ကျရောက်ခြင်းမရှိသည့်အတွက်သတ်မှတ်ကြေညာထားခြင်းမရှိပဲ အီဒလ်အဿွဟာ(ကုရ်ဘာနီအီးဒ်) နေ့နှင့် ဒီပါဝလီနေ့များအတွက်လည်းကျရောက်မည့်နေ့ရက်များကို သီးခြားကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

ပဘဏ်ပိတ်ရက်များကို သက်ဆိုင်ရာအဖွဲ့အစည်းက ကြေညာမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

#PAN