ဒီနေ့ခေတ်လူငယ်တွေ နိုင်ငံအရေးအရာကိုစိတ်ဝင်စားလာကြတယ်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပြော

(ပြည်တွင်း) သြဂုတ် ၂၃

ဒီနေ့ခေတ်လူငယ်တွေဟာ နိုင်ငံ့အရေးအရာတွေကို စိတ်ဝင်စားလာတာဟာ နိုင်ငံ့အနာဂတ်အတွက် အလွန်ကောင်းမွန်တဲ့ဖြစ်ရပ်တစ်ခုလို့ သုံးသပ်မိတယ်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက သြဂုတ် ၂၀ ရက်နေ့ နေ့လည်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံမှာ ပြည်ခိုင်ဖြိုးပါတီက လူငယ် ၄၀၀ ကျော်နဲ့တွေ့ဆုံခဲ့မှုနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက သူ့ရဲ့လူမှုကွန်ယက်ကနေပြောဆိုလိုက်တာဖြစ်ပါတယ်။

၂၀၂၇ စစ်ဆင်ရေးနဲ့ အကြမ်းဖက်သောင်းကျန်းသူတွေထိန်းချုပ်ထားရာကနေ တပ်မတော်ကပြန်လည်ထိန်းချုပ်လိုက်တဲ့ နောင်ချိုမြို့ကို သွားရောက်ဖို့တစ်ထောက်နားတဲ့အချိန်မှာ မန္တလေးတိုင်းကလူငယ်တွေ့ဆုံခဲ့တာလို့ သူကပြောပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ လူငယ်တွေသိသင့်တဲ့ရွေးကောက်ပွဲအကြောင်း၊ ရွေးကောက်ပွဲကနိုင်ငံအတွက်အရေးကြီးတဲ့အကြောင်း၊ ရွေးကောက်ပွဲကိုစိတ်ဝင်စားဖို့ လက်လှမ်းတမှီပြောဆိုကြဖို့လိုတဲ့အကြောင်း၊ မဲပေးတဲ့အခါအသကားကမဲတစ်ပြားဆိုတာထက် အုံးနှောက်နဲ့ရွေးချယ်ကြဖို့လိုတဲ့အကြောင်းတွေကို ပြောဆိုခဲ့တယ်လို့ ဦးခင်ရီကပြောပါတယ်။

တက်ရောက်လာတဲ့လူငယ်တွေကလည်း အမျိုးသမီးဘဝလုံခြုံရေးရဖို့အတွက်ပါတီရဲ့အခန်းကဏ္ဍတွေ လူငယ်နဲ့အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် ပညာသင်ကြားမှုနဲ့ ကင်းကွာခဲ့ရတဲ့ လူငယ်တွေအတွက် ဘယ်လိုအစီအမံတွေရှိလဲဆိုတာတွေကို မေးမြန်းခဲ့ကြတယ်လို့လည်း သူကဆိုပါတယ်။

၂၀၂၇ စစ်ဆင်ရေးနဲ့ အမည်နဲ့ အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ TNLAနဲ့ PDF ပူးပေါင်းအဖွဲ့တွေက နောင်ချိုမြို့ကိုထိန်းချုပ်ခဲ့ပြီးတဲ့နောက် တပ်မတော် အကြမ်းဖက်စစ်ဆင်ရေးနဲ့ ပြန်လည်ထိန်းချုပ်ခဲ့ပြီး လပိုင်းအကြာမှာပဲ ဦးခင်ရီဟာ သူ့ရဲ့ပါတီဝင်တွေနဲ့သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကျင်းပပေးမယ့် ၂၀၂၅ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အပိုင်း ၁ ကျင်းပပေးမှာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပြုလုပ်မယ့် မဲဆန္ဒနယ်တွေသတ်မှတ်ရာမှာ နောင်ချိုမြို့နယ်လည်း ပါဝင်နေတာဖြစ်ပါတယ်။

#PAN