TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့ မှာ လက်နက်အရောင်းအဝယ်နဲ့ နေအိမ်ဖောက်ထွင်းမှုတွေဖြစ်ပေါ်နေ

(ပြည်တွင်း) ဩဂုတ် ၂၁

တအောင်းလက်နက်ကိုင်အဖွဲ့ TNLA ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ နေအိမ်ဖောက်ထွင်းမှုတွေအပြင် လက်နက်ရောင်းဝယ်မှုတွေပါဖြစ်ပေါ်နေတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ တပ်ဖွဲ့ UWSA ကတော့ TNLA အပါအဝင် လက်နက်ကိုင် ၂ ဖွဲ့ကို လက်နက်အကူအညီမပေးတော့ဘူးလို့ပြောဆိုမှုမတိုင်ခင် TNLA ဒေသမှာ လက်နက်ရောင်းဝယ်မှုတွေဖြစ်ပေါ်နေတာလို့လည်း ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ သွဂုတ်လ (၁၀) ရက်နေ့က TNLA ရဲဆိုတဲ့အဖွဲ့ တွေအချင်းချင်း လက်နက်အရောင်းအဝယ်မှုလုပ်တယ်ဆိုပြီး ဖမ်းဆီးမှုတွေရှိခဲ့တယ်လို့လည်း သတင်းအရင်းအမြစ်တွေကပြောပါတယ်။

TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့ ဇယ်တုန်ဟုန်းရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်က နေအိမ်တစ်အိမ်ရဲ့ အိမ်နောက်တံခါးပေါက်ကို ဖောက်ထွင်းပြီး နေအိမ်ထဲရှိ ငွေသိန်း ၁၈၀၊ တရုတ်ငွေ ယွမ် ၂ သောင်း (ကျပ်သိန်း ၁၂၀)အပြင် တစ်ကျပ်သား ရွှေဆွဲကြိုးတစ်ကုံး ခိုးယူခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ကလည်း နမ့်ဆန်မြို့ နယ် မြို့ သစ်ရွာမှာ TNLA ယူနီဖောင်းဝတ်ကာ လက်နက်ကိုယ်စီကိုင်ဆိုင်ထားတဲ့ အုပ်စုတစ်စုက ဆိုင်ကယ်တွေကို လိုက်လံခိုးယူနေတာကြောင့် ဆိုင်ကယ်ပျောက်ဆုံးမှုတွေဖြစ်ပေါ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တအောင်းလက်နက်ကိုင်အဖွဲ့ TNLA ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုမှုတွေအပြင် ခိုးမှု လုယက်မှုနဲ့ အဓမ္မပြုကျင့်မှုတွေများစွာဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

#PAN