အင်္ဂျင်ဝိုင်အဟောင်း ပြန်ချက်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား


(မှုခင်း) ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စာတိုးမြို့ပြင်ကြီးကျေးရွာ၌ ယမန်နေ့မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ စည်သူမိုး၊ ၃၉ နှစ်၊(ဘ)ဦးမိုးမြင့်၊ တံခွန်တိုင်ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်​နေသူ၏ နေအိမ်ခြံဝင်းအတွင်း အင်္ဂျင်ဝိုင်အဟောင်းပြန်ချက်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်သည့်နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၇ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ပေပါ ၄ လုံး၊ ချက်ကန် ၁ ခု မီးလောင်ကြွမ်းခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးမှာ ၁၈၀၀၀၀၀/ကျပ် ဆုံးရှုံးခဲ့ရပြီး မီးပေါ့ဆစွာသုံးစွဲသူ စည်သူမိုးအား ဥပဒေအရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

PAN